Part 5

318 43 1
                                    

အစ်ကိုက ထင်ထားတာထက် ဆွဲဆောင်မှုရှိစွာ။ ဒါကြောင့်မို့လည်း အဝတ်အစားbrandတော်တော်များများက အစ်ကိုနှင့်ရိုက်ကူးချင်ကြသည်။
ဘယ်အဝတ်အစားနေနေ အစ်ကို့ခန္ဓာကိုယ်ပေါ်ရောက်လျှင် ဆွဲဆောင်မှုရှ်ိကာ မိမိုက်သွားရမြဲ။

"အဟမ်း "

ကင်မရာကြည့်နေရင်းမှ ရုတ်တရက် ဂျွန်မြောင်ကိုကြည့်ရင်း မျက်စိမှိတ်ပြလာသည်။ အားရှီးးး လူကိုဘာထင်လို့။
ကတုန်ကယင်နှင့်မို့ အသာ သန့်စင်ခန်းသို့လစ်ထွက်လာတော့သည်။

မျက်နှာသစ်လိုက်ရင်း ဂျွန်မြောင်အတွေးတွေက လွန်ခဲ့သောတပတ်သို့။

" ဂျွန်မြောင် "

" ဟုတ် အစ်ကို ဘာလိုလို့လဲ "

" ရည်းစား "

" ဗျာ "

" တစ်စုံတစ်ယောက်ကို မျက်စိအောက်ကအပျောက်မခံချင်ဘူး။ သူ့ကိုလည်း ကိုယ့်ကိုပဲကြည့်စေနေချင်တယ် "

" ခဏ ခဏ ဘယ်မင်းသမီးကိုလဲ မဟုတ်မှလွဲရော "

" ဂျွန်မြောင် "

" ခဏနေစမ်းပါအုံး ဒါဆိုအခုကတွဲနေပြီလား "

Chuu!!!

ဂျွန်မြောင်ပါးတစ်ဖက်က နွေးခနဲ။ ကမ္ဘာကြီး တစ်ခုလုံးလည်းတိတ်ဆိတ်သွားသည်။

" ဒီနေ့ကစပြီး တစ်ရက်လို့ရေကြရအောင်ဂျွန်မြောင် "

လွတ်သွားသည့်စိတ်ကို ပြန်ဆွဲခေါ်၍ရချိန်မှာတော့ ရီရှင်းရင်ဘတ်ကိုတွန်းထုတ်လိုက်မိတော့သည်။
မထင်ထားသည့် တုံ့ပြန်မှုကြောင့် ရီရှင်းကြောင်အအ။ မျက်လုံးဝိုင်းဝိုင်းတို့က ကြောင်အနေတာတောင် ချစ်ဖို့ကောင်းတုံး။

" အစ် အစ်ကို ရူး ရူးနေပြီလား။ မ မကြားလိုက်ဘူးလို့ပဲ မှတ်လိုက်မယ် "

တဟုန်ထိုးပြေးထွက်ခဲ့တာမို့ ရင်ဘတ်ထဲက အကောင်ကတလှုပ်လှုပ်နဲ့။ ပြေးခဲ့လို့ မောနေလို့ပါ။

အဲ့နေ့က အစ်ကိုတစ်ယောက် ဂျွန်မြောင်ကို စိတ်ကောက်ပြီး အပြန်လမ်းတွင် အတူတူမထိုင်ဘဲ တခြားတွင် သီးသန့်သွားထိုင်တော့သည်မို့ ဂျွန်မြောင်လည်း တခြားမှာသာ ထိုင်လိုက်ရသည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now