Part 16

336 47 4
                                    

" ဂျွန်ဂျွန် အခုချက်ချင်း ဆိုင်လာခဲ့ ပြောစရာရှိတယ် "

ဂျွန်မြောင်ဆီအရေးတကြီးဖုန်းဆက်လာတာမို့ ဂျွန်မြောင်လန့်သွားရသည်။ နေ့လည်ခင်း ထမင်းစားချိန်ရောက်သည်နှင့် ဌာနမှူးကို အကျိုးအကြောင်းပြောပြပြီး အမြန်ဆိုင်ကိုသွားရသည်။

အကြောင်းအရင်းမသိရဘဲ တစ်ခွန်းထဲပြောပြီး ဖုန်းချသွားတာမို့ ပိုစိတ်ပူနေရသည်

ဘာများဖြစ်လို့ပါလိမ့်

အလုပ်မြန်မြန်ဝင်လိုက်တာမို့ စိတ်ကောက်နေတာကိုလဲ ချော့ပြီးပြီမို့ စိတ်ကောက်နေတာလဲ ဟုတ်ဟန်မတူ။

တစ်လတန်သည် နှစ်လတန်သည် အေးအေးဆေးဆေး နားပါအုံးတားတဲ့ကြားက ဇွတ်အလုပ်ဝင်ခဲ့ခြင်းပင်

ကားမမောင်းချင်တာမို့ တက္ကစီကိုသာ အလွယ်ငှားပြီး မမဆီသို့ ဦးတည်လိုက်သည်။

ဆိုင်ရောက်တော့ မမက ‌ဂဏာမငြိမ်
ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်။ သူဝင်လာတာတောင်သတိမထားမိ..

" မမ..."

" ဟင်..ဂျွန်ဂျွန် လာခဲ့ လာ လာ "

အတွင်းခန်းထဲရောက်တော့ သူ့ကို ထုရိုက်ပါတော့သည်.

" အ...မမ နာတယ် ဘာလို့ ရိုက်နေတာလဲ အားရိုး "

" ဟမ် နင်ဟာလေ ဟမ် ဒီအမပဲရှိတာကို ဘာတွေဖုံးကွယ်ထားရတာလဲ

ငါ့ကို ဒီလောက်တောင်မယုံဘူးလား အီးဟီးးး "

" ဟာ မမ မငိုနဲ့လေ ဘာလို့လဲလို့ "

" ဟင့် ကျန်းရီရှင်းနဲ့လက်ထပ်ထားတယ်ဆို ဘယ်လိုလုပ်မှာလဲ အခု "

" မမ ဘယ်လိုလုပ် သိ "

" မေမေတို့သိကုန်ရင် ဘယ်လိုလုပ်မလဲ အရေးကြီးတာဆို ငါ့ကိုမပြောနဲ့ လုပ်ချင်တာသာလုပ် "

" ဟာ မမကလဲ စိတ်ပူမှာစိုးလို့လေ နောက်ပြီး စိတ်မပူနဲ့ အဲ့စာချုပ်ကို ဖြဲထားပြီးသား တရားဝင်လဲဟုတ်မှမဟုတ်တာ "

" သေချာလား ခုန‌က ကျန်းရီရှင်း ဖုန်းဆက်တာကတော့ တအားကို ပိုင်နိုင်နေတဲ့ အသံနဲ့ "

My Idol Becomes My Husband (U+Z)Where stories live. Discover now