Part 28

417 49 9
                                    

မိုးလင်းနေတာသိပေမယ့် အိပ်ရာပေါ်မှာ ဂျွန်မြောင်လူးလွန့်နေဆဲ။ စောင်ဖြူဖြူက ရင်ဘတ်ထိလျောဆင်းသွားတော့ ပခုံးထက်က အမှတ်အသားရာ ရဲရဲတွေက မနေ့ညကဖြစ်ပွားခဲ့တဲ့ အပြာရောင်ညလေးရဲ့ သက်သေများနှယ်

မီးဖိုထဲက ဆန်ပြုတ်နံ့မွှေးမွှေးကြောင့် အိပ်ရာထက်က အမြန်လူးလဲထလိုက်တော့သည်။ အစ်ကို မီးဖိုချောင်ဝင်နေပြန်ပြီ...!!

သူထင်ထားသလို သားလေးကောင်နဲ့ ပတ်ချာလည်နေသော အစ်ကိုက အင်္ကျီမပါဘဲ ချည်သားဘောင်းဘီတစ်ထည်သာ ခါးမှာပါသည်။

မြောင် မြောင် မြောင်

" အော်ဟော် ကျွေးထားတာကျမစားဘဲ ဘာတွေပူဆာနေရတာလဲ မင်းတို့နော် "

မြောင်မြောင် မြောင့်

" အစ်ကို "

" ဟာ နိုးပြီလား ဆောရီးကွာ ကိုယ်နည်းနည်းဆူသွားတယ်မဟုတ်လား "

ပုစွန်နံ့ရသွားတဲ့ သားတွေက အရင်စားနေကျအစာထက် ပုစွန်မှပုစွန်‌ဖြစ်နေကြပုံပင်။

" ဘာဖြစ်နေတာလဲ "

" ဒီကောင်တွေလေ ပုစွန်ကင်စားချင်တာနေမှာ "

" ကျွေးလိုက်ရောပေါ့ အစ်ကိုကလဲ ကလေးတွေစားချင်တဲ့ဟာကို "

" ကလေးတွေကို မနက်ကတည်းက အစာကျွေးပြီးသား ခနနေမှ ထပ်ကျွေးမယ် လာ ဒီဖေဖေကြီးကို အရင် မျက်နှာသစ်ပေးရမယ် "

ဆန်ပြုတ်အိုးနားရစ်သီရစ်သီလုပ်နေသည့် ဂျွန်မြောင်ကို ခါးကနေပွေ့ချလိုက်တာများ အရုပ်လေးတစ်ရုပ်လို။

မျက်နှာသစ် လိုးရှင်းလူးပြီးမှ ထမင်းစားပွဲမှာထိုင်ရတော့သည်။

ပုစွန်ဆန်ပြုတ် ပူပူနွေးနွေးက ဂျွန်မြောင်ရှေ့ရောက်လာသည်။ ညစာပင်မစားလိုက်ရဘဲ ညစာဖြစ်သွားတာမို့ ဂျွန်မြောင်အနံ့နဲ့ပင် သွားရည်ကျလာတော့သည်။

" ကောင်းကောင်းစားပါ့မယ် "

" အရသာရှိလား "

စကားပြန်မလာတော့ဘဲ ဆန်ပြုတ်ကိုသာ တဇွန်းပြီးတဇွန်း အားရပါးရတွယ်နေသူကိုကြည့်ရင်း ရီရှင်းမှာ ကိုယ်တိုင်ကျ ဆန်ပြုတ်တစ်ဇွန်းတောင်မထိရသေး။

My Idol Becomes My Husband (U+Z)Where stories live. Discover now