Part 27

301 47 2
                                    

လေဆိပ်မှာ အသင့်စောင့်နေတာက လူအုပ်စုလိုက်ကြီး။
သတင်းထောက်တွေအများသားမို့ ဂျွန်မြောင်ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။

ခရီးထွက်ရမယ့် အကြောင်းပြချက်နဲ့ မနေ့က တစ်ညနေလုံး ဂျွန်မြောင်ကို ဖုန်းပေးမသုံးခဲ့။
ဒါကြောင့် အခုဘာတွေဖြစ်နေလဲ သူဘာမှမသိ။

တံခါးအပြင်ထွက်လိုက်တော့ ကင်မရာမီးတဖျတ်ဖျတ်နဲ့ ရှေ့အတင်းတိုးလာကြတော့သည်။ အနားမကပ်ရခြင်းမှာ အင်အားကောင်းသည့် လုံခြုံရေးများကြောင့်သာ။

" ရီရှင်းက တကယ်ပဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားတာ ဟုတ်ပါသလား "

" ကင်ဂျွန်မြောင်က ရီရှင်းရဲ့ အိမ်ထောင်ဖက်ဆိုတာ မှန်ပါသလား "

" ပရိတ်သတ်တွေရဲ့ ခံစားချက်ကို အရေးမစိုက်တာဆိုတဲ့ အပေါ် ဘာထင်မြင်ချက်ရှိပါသလဲ "

" မနေ့ညက တင်လိုက်တဲ့ပိုစ့်အပေါ်ဝေဖန်မှုတွေရှိနေတာကို ဘယ်လိုမြင်သလဲ "

ဘာတွေလဲ...ဘယ်ကနေဘယ်လိုများ ဒီသတင်းထောက်တွေက အနံ့ရသွားတာလဲ။

ဟုတ်တယ် သံသယအခြေအနေမို့ ငြင်းလိုက်ရင်ရမှာပဲ

" မဟု........"

" ဟုတ်ပါတယ် ကျွန်တော်တို့လက်ထပ်ထားပါတယ် ဘယ်သူဘာပြောပြော‌ ကျွန်တော်မှန်တယ်ထင်တဲ့လမ်းမို့ ဆက်ပြီး လျှောက်သွားမှာပါ "

စကားအဆုံးမှာ ဆွံ့အသွားတာ ဂျွန်မြောင်တင်မဟုတ် သတင်းထောက်တွေပါပါသည်။

ရူးသွားပြီလား သူတို့ကသတင်းထောက်တွေလေ....

" ရီရှင်းကောကော ဘာတွေဖြစ်လာပါစေ ညီမတို့က ကောကောဘက်မှာ ရပ်နေမယ် ကောကောကိုကာကွယ်ပေးမယ် "

သံပြိုင်အော်သံက လေဆိပ်အတွင်းထိပါဟိန်းခနဲ...

ကားပေါ်တက်ခါနီး 90°ဦးညွတ်ပြလိုက်ဖို့လဲ ရီရှင်းမမေ့။

ဒီလူတွေရှိနေလို့သာ သူဒီနေရာအထိရောက်လာခဲ့တာ မဟုတ်ဘူးလား

ချစ်ရပါသော ဂျွန်

ပြီးတော့ ဓာတ်ပုံတစ်ပုံ...ဂျွန်မြောင်ရဲ့ နောက်ကျောပြင်ကို လှမ်းရိုက်ထားသော ဓာတ်ပုံ

My Idol Becomes My Husband (U+Z)Where stories live. Discover now