part 10

377 49 3
                                    

တစ်နေ့လုံး အိမ်မှာရှိသမျှအလုပ်တွေသိမ်းကြုံးလုပ်နေတာမို့ ညနေစောင်းတော့ ဂျွန်မြောင်ရေချိုးဖို့ပြင်တော့သည်။

မမက အခြေအနေအကုန်သိနေတာမို့ မေမေနဲ့ဖေဖေတို့ဆီက မေးခွန်းတွေထွက်မလာဖို့ မသိမသာ တားပေးထားသည်။

ထမင်းဝိုင်းမှာတော့ မမက သူ့အသံစာစာလေးနဲ့ စကားသံမတိတ်ဖို့ တာဝန်ယူထားပြန်သည်။ ဂျွန်မြောင်တောင် မမရဲ့စကားတွေကြား စိတ်တော်တော်သက်သာသွားသည်။ ညခုနစ်နာရီလောက်ရောက်တော့ လသာဆောင်မှာ အခင်းတစ်ခုရင်း ဂျွန်မြောင်နှင့်မမ စကားတွေပြောရင်း ကြယ်ကြည့်ကြသည်။

ကြယ်

အနုပညာရှင်တွေကို ကြယ်တွေနဲ့တင်စားကြသတဲ့။ ဟိုးအဝေးကြီးက သာမန်လူတွေ လက်လှမ်းမမီနိုင်တဲ့ နေရာတစ်ခုမှာ တောက်ပနေကြတဲ့ ကြယ်တွေ။ ဘယ်လောက်ပဲ လိုချင်နပ်မက်နေပါစေ ကြယ်တွေကိုယ်တိုင်ကသာ ကြွေမကျရင် ဘယ်လိုလုပ်ထိတွေ့ ရယူနိုင်မှာတဲ့လဲ။

" ဂျွန်ဂျွန် မမမေးမယ် ရီရှင်းက..."

" မမရာ မမေးပါနဲ့...ကျွန်တော်က အခုချိန်ဖြေနိုင်မယ်မထင်ဘူး...မမချစ်ဖူးရင် အလိုလိုနားလည်မှာ "

ဂျွန်မြောင်စကားတစ်ခွန်းကြောင့် သူမပါဆွံ့အသွားတော့သည်။ သူမ ချစ်ဖူးပါရဲ့လား။ ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ

စီနီယာ အစ်ကိုကြီးပြောပြဖူးတာ အချစ်က အရက်လိုပဲ မူးတယ်တဲ့။

ဟိုမောင်လေးပြောတော့ အချစ်က မွှေးတယ်တဲ့။

ဒါပေမယ့် အခုလက်ရှိသူမမြင်နေရတဲ့ မောင်ငယ်လေးပုံကိုကြည့်ရင်း ရင်ထဲမကောင်း။ ရင်ဘတ်နားမှာ တစ်ခုခုဆို့နေသလို့။

" ငိုချင်လား ဂျွန်ဂျွန်...မမဖက်ထားပေးရမလား "

သူမလက်မောင်းကြားဝင်ရင်း ရှိုက်နေတဲ့ မောင်‌ငယ်ရဲ့ ကျောပြင်ကို အသာဖွဖွပုတ်ပေးမိသည်။

ဒါကလွဲပြီး လုပ်ပေးနိုင်တာမှမရှိဘဲ။

*******************************

" ရိဖန်ကော...ဒီမှာ ဘယ်လောက်ကြာကြာနေလို့ရသေးလဲ "

" ဘယ်လောက်ထပ်နေချင်သေးတာလဲ...ဒီလကုန် ပြန်လာ

My Idol Becomes My Husband (U+Z)Where stories live. Discover now