Part 25

332 44 2
                                    

တစ်ရက်နှင့်တစ်ည လေယာဉ်စီးပြီးနောက် ရီရှင်းတို့ ခရီးအဆုံးဖြစ်တဲ့ ကျွန်းငယ်လေးကို ရောက်ရှိလာတော့သည်။

ကျွန်းငယ်လေးတစ်ခုဖြစ်ပေမယ့် အတော်လေးတိုးတက်နေခြင်းမှာ ခရီးသွား အလာများခြင်းကြောင့်ဟု လမ်းပြဦးလေးကြီးက ဆိုလာသည်။

တရုတ်ပြည်တွင် နှစ်အနည်းငယ်နေခဲ့သူမို့ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး လမ်းညွှန်ကောင်းတစ်ယောက်ဟု reviewများရထားသူဖြစ်သည်။

အသားညိုညို အရပ်ပုပုနှင့် အနည်းဖိုင့်သည့် ဦးလေးကြီးက သူတို့၏ အထုတ်များကို ပေါ့ပေါ့ပါးပါးမယူပြီး ဘန်ဂလိုများရှိရာကို လိုက်ပို့ပေးသည်။

အိမ်ပုလေးတွေက တစ်လုံးနှင့်တစ်လုံး သိပ်မဝေးသလို အရမ်းလဲ နီးကပ်မနေ။  သစ်ပင်ပန်းပင်များစွာစိုက်ထားတာကြောင့် ရှုရသည့်လေကပိုပြီးသန့်စင်နေသလိုပင်။

" အစားအသောက်က ဒီကစားသောက်ဆိုင်မှာ သွားစားလို့လဲရတယ် အခန်းကိုမှာလို့လဲရတယ် "

နေစောင်းပြီမို့ရော ခရီးပန်းတာကြောင့်ပါ ဂျွန်မြောင်က အပြင်မသွားချင်တော့။

အလိုက်သိသူကြီးကတော့ အစားအသောက်တစ်ချို့ကိုသာ အခန်းတွင်းသို့မှာလိုက်တော့သည်။ ပင်လယ်နဲ့နီးတာ‌မို့ ပင်လယ်စာက ပေါပေါသောသော။ စိုက်ခင်း‌များမှ လတ်လတ် ဆတ်ဆတ် ခူးယူခဲ့တာမို့ အသီးအရွက်တွေက အရင်ကထက် စားရတာ ပို၍အရသာရှိသည်။

ညနေစောင်းအချိန်မှာတော့ လမ်းပြဦးလေးကြီးက ကမ်းခြေဘက်တွင် လမ်းလျှောက်ထွက်ဖို့ လာခေါ်လာတော့သည်။

ပင်လယ်ကိုဖြတ်သန်းတိုက်ခတ်လာသည့် လေထဲတွင် ပင်လယ်နံ့တို့ပါ ပါသည်။ ငါးဖမ်းထွက်ပြီးမှ ပြန်လာကြသူတွေ...အပျော်ခရီးထွက်လာကြသူတွေနှင့် အတော်အသင့်စည်ကားသည်။

" သူတို့က ဘာလုပ်တာလဲ ဦးကြီး "

" အာ အဲ့တာ ရိုးရာအက ကဖို့ပြင်ဆင်နေကြတာလေ "

အကကို ရူးသွပ်သဘောကျသည့် အစ်ကိုက ရိုးရာအကဆိုသည်နှင့် မျက်လုံးထဲက လက်ခနဲ။

My Idol Becomes My Husband (U+Z)Where stories live. Discover now