Part 21

323 46 7
                                    

" ရှင်းကောကော "

လက်မောင်းက လက်ကို ဆွဲဖြုတ်လျလိုက်ပြီး နောက်နားရောက်သွားသော ဂျွန်မြောင်ကို သူ့အနားသို့ဆွဲခေါ်လိုက်သည်။ ပခုံးကိုပါ သိုင်းဖက်လိုက်တာမို့ ဂျွန်မြောင်က သူ့ရင်ခွင်ထဲရောက်နေသလို...။

" ကိုယ်က အိမ်ထောင်ရှိတယ်လေ ရှန့်ရှန့် "

" ဟွန့် ရှန့်ရှန့်က လက်လေးပဲကိုင်တာကို ‌ယောင်းမက စိတ်မဆိုးလောက်ပါဘူး "

" သူ့စိတ်ကို အကျိုးမရှိတဲ့ အရာတွေကြောင့် အရှုပ်မခံနိုင်တာ...ငါ့အချစ်က စိတ်သဘောထားပြည့်ဝတယ် "

ကွက်ခနဲမျက်နှာပျက်သွားပေမယ့် ချက်ချင်း မျက်နှာပြင်လိုက်သည်။ ပြီးတော့ သူမမြှားဦးက ဂျွန်မြောင်ဆီရောက်လာသည်။

" ဂျွန်က ရှင်းကောကောရဲ့ မန်နေဂျာ ပြန်လုပ်နေတာလား "

" အဲ့လိုလဲ မဟုတ်...."

" ရှင်းကောကော အမျိုးသမီးကို မြင်ဖူးလား သူက လှလား "

" သူက အများကြီး ကြည့်ကောင်းတယ် မိတ်ကပ်မပါတာတောင် ကြည့်လို့ကောင်းနေတုံးပဲ...ကဲ...ရှန့်ရှန့် စပ်စုတာတော့ "

ဂျွန်မြောင်မဖြေရသေးခင် ရီရှင်းက ဦးအောင်ဖြေလိုက်ခြင်းပင်။

ပခုံးကိုဖက်ထားရင်းနှင့် လက်က ပခုံးကို ခပ်ဖွဖွညစ်ပြီး ချော့ဖို့ကိုလဲ မမေ့။
ဂျွန်မြောင်စိတ်မဆိုးမှန်းသိပေမယ့် သူချော့ချင်လို့ကို ချော့တာ...။

ထာအိုဆီ သွားလည်မည့်ကောင်လေးက မသွားတော့ဘဲ စတူဒီယိုထဲမှာ တစ်ချိန်လုံးထိုင်စောင့်နေပေးသည်။

ထိုင်ခုံတွေက အမာတွေမို့ ကူရှင်တစ်ခုတောင်းပြီး ဂျွန်မြောင်အတွက် စီစဉ်ပေးလာသေးသည်။ ရှန့်ရှန့်က တစ်ချိန်ကို အစ်ကို့ဘက်မျက်နှာမူရင်း ချစ်ရည်ရွှန်းသည့် မျက်လုံးတွေနဲ့ကြည့်နေပေမယ့် အစ်ကို့အကြည့်တွေက ဂျွန်မြောင်ဆီမှာ....

အကြည့်တွေသာမကဘဲ အချစ်တွေအပြည့်ပါသည့် နှလုံးသားတစ်ခုလုံးကိုပါ အပိုင်ရထားတာမို့ လူပါမြှောက်ကြွကြွဖြစ်ချင်လာသည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now