ရိဖန်ကောက ဖုန်းကြိုဆက်ထားတာမို့ ကိုရီးယားကုမ္ပဏီတစ်ခုမှ လူတစ်စုက ကြိုတင်စောင့်နေကြသည်။ မနေ့က သူလေဆိပ်ဆင်းတဲ့ပုံတွေထွက်လာတာမို့ လူအင်အားထည့်ဖြည့်ထားရခြင်းပင်။
လေဆိပ်ထဲမှထွက်လိုက်သည်နှင့် အော်သံတို့က ကျွတ်ကျွတ်ညံသွားတော့သည်....ပန်းစည်းတွေ အရုပ်တွေ စာအိတ်ကလေးတွေကို ဝေ့ယမ်းနေကြသူတွေထဲ ဂျွန်မြောင်ပါမလား ရှာမိပေမယ့် မတွေ့မိ။
ကားပေါ်ရောက်မှ သက်ပြင်းအသာချရသည်။ မနက်စောစောမို့ လမ်းကသိပ်မရှုပ်...မှောင်ရိပ်ပင်မပြယ်သေး။
ဟိုတယ်ရောက်ရင်နှိုးဖို့ပြောပြီး ကားပေါ်တင် ခနလောက်မှေးဖို့ကြံမိသည်။ အရင်က သူအိပ်ငိုက်လာတာနဲ့ ဂျွန်မြောင်ပခုံးက သူ့ဆီအလိုက်သင့်ရောက်လာတတ်ပြီးသား.....။
....ဂျွန်မြောင် မင်းတကယ်ပစ်ထားခဲ့ရက်တာပဲ....
အချိန်ခဏလေးဆိုပေမယ့် ဂျွန်မြောင်အပေါ် သူနက်နက်ရှိုင်းရှိုင်းသံယောဇဉ်တွယ်မိနေသည်။
အတော်ကျယ်ဝန်းပြီး ဆိုလ်းမြို့ကို အပေါ်ကနေစီးမိုးမြင်နေရသော အခန်းပင်။ ပင်ပန်းနေပြီမို့ ရေနွေးစိမ်ရင်းပင် အိပ်ပျော်သွားသည်။ သူနိုးလာတော့ ရေကအေးစက်နေသလို သူ့တစ်ကိုယ်လုံးလဲ အေးစက်နေပြီဖြစ်သည်။ ဂျွန်မြောင်သာ သိရင် သေချာပေါက် ဆူလိုက်မည့်ဖြစ်ခြင်း။
ရေကိုဖြစ်သလိုသုတ်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်။ အပူရှိန်က တဖြည်းဖြည်းတက်လာတော့သည်။
// ဖျားလို့မဖြစ်ဘူး ငါဂျွန်မြောင်ကို ရှာရအုံးမယ် //
ဂျွန်မြောင်နိုးလာတော့ 6:15မိနစ်အတိ။
နောက်ကျပြီလားဆိုတဲ့အသိနဲ့ အမြန်စောင်ပုံထဲကတိုးထွက်လိုက်သည်။ သို့သော် သူက အစ်ကို့ရဲ့မန်နေဂျာမှမဟုတ်တော့ပဲ။
အခုချိန် အစ်ကို ဘာလုပ်နေမှာလဲ
မန်နေဂျာအသစ်မရှာရသေးရင်တောင် ကုမ္ပဏီက ဘယ်သူဖြစ်ဖြစ် အစားထိုးနိုင်အောင်သူစီစဉ်ခဲ့ပြီးသား...သူက အခု အစ်ကို့ရဲ့ ပရိတ်သတ်တွေအများကြီးထဲက သာမန်ပရိတ်သတ်လေးတစ်ယောက်ပြန်ဖြစ်သွားပြီမဟုတ်လား။
YOU ARE READING
My Idol Becomes My Husband (U+Z)
Randomစိတ်ကူးပေါ်ရာရေးမယ် မရိုတတ်ပေမဲ့ ချိုတော့ချိုမယ်