chapter 1

623 58 5
                                    

နာရီတစ်ချက်ကြည့်လိုက်တော့ ခြောက်နာရီကို မိနစ်အနည်းငယ်သာ စွန်းသေးသည်မို့ လျှို့ဝှက်နံပါတ်ကို ရိုက်ပြီး ရင်းနှီးနေပြီးသား အခန်းအတွင်းသို့ တိတ်တဆိတ်ဝင်လာတော့သည်။

ဂျွန်မြောင်ထင်သည့်အတိုင်း မနေ့ညက ဝတ်ထားသည့် အပေါ်အင်္ကျီနှင့် တီရှပ်က ဆိုဖာပေါ်တွင် ဖရိုဖရဲ။

မီးဖိုထဲရှိ စားပွဲကိုကြည့်မှ ပိုသွေးတက်ချင်သွားရသည်။ ဘီယာဘူးခွံတစ်ချို့နှင့်အတူ ကြက်ကြော်ဘူး အာလူးကြော်ဘူးများ ပျံ့ကြဲနေသည်။

ဂုတ်ကိုသာ ဖိကိုင်လိုက်ရင်း ပါးစပ်ကပါ ရေရွတ်လိုက်မိသည်။

" ကျန်းရီရှင်း!!! Arrshi....ရူးချင်တာပဲ dietလုပ်နေတာကို ဒါတွေက အိုမားမား သွေးတက်တော့မယ် "

"ရောက်လာပြီလား ဘာတွေပြောနေလဲ ဂျွန်မြောင်ရှီ "

" အာ လန့်လိုက်တာာာ အသံမပေး.....အားး အဝတ်အရင်ဝတ်ခဲ့လေဗျာ မရှက်ဘူးလား "

ရုတ်တရက်အနောက်ကနေ စကားသံထွက်လာမို့ လန့်သွားရသည့်အပြင် လှည့်အကြည့်မှာ အပေါ်ပိုင်း အဝတ်မပါသည့် ရီရှင်းကြောင့် မျက်လုံးကို အသည်းအသန် မှိတ်ထားမိသည်။

*အာ ဒီလူကြီးဟာ ငါက သူ့ကို သဘောကျတယ်လို့ပြောထားပြီးသားကို အဝတ်မပါဘဲ ထွက်လာရဲတယ် *

မျက်လုံးဖွင့်ကြည့်တော့ လူက မရှိတော့တာမို့ အခန်းတံခါး အသာဟကြည့်တော့ စောင်ပုံထဲမှာ ပြန်ခွေအိပ်နေသော နှစ်ယောက်မရှိသည့် ဂျွန်မြောင့်Idolကြီးကို တွေ့ရသည်။

အိပ်တဲ့သူက အိပ်တုံးမို့ ဂျွန်မြောင် မီးဖိုချောင်ဝင်ကာ မနက်စာအတွက် ပြင်ဆင်နေသည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now