Part 15

338 52 2
                                    

ရာသီဥတုက မနက်အစောပိုင်းကတည်းက ကြည်ကြည်လင်လင်....ဒီနေ့ ဂျွန်မြောင်က ဖေဖေ့အလုပ်မှာ အလုပ်သင်အနေနဲ့ အလုပ်စတော့မည်ဖြစ်သည်။

အနောက်တိုင်းဝတ်စုံပြည့်နှင့် ဆံပင်တိုတိုက ဂျွန်မြောင်နဲ့တော့ သိပ်ကို လိုက်ဖက်လွန်းလှသည်။ လူကြီးယောင်ဆောင်ထားသော ကျောင်းသားပေါက်စလေးနဲ့တူတာတော့ တစ်ပိုင်းပေါ့လေ...

နက်ခ်တိုင်မှာ မမလက်ဆောင်ပေးထားသည့် အနက်ရောင်ညှပ်ကလေးက အလင်းရောင်တခါကျလိုက်တိုင်း တလက်လက်။

ကုမ္ပဏီထဲဝင်လာကတည်းက တော်တော်များများ၏ အကြည့်တွေက သူ့ဆီမှာဖြစ်သည်။ ကျောပိုးအိတ်ကကြိုးစလေးကို ကိုင်ရင်း ဧည့်ကြိုဌာနမှာ အကျိုးအကြောင်းပြောပြလိုက်တော့ ‌ဝန်ထမ်းကတ်လေးရလာသည်။

သူအလုပ်ဝင်ရမည့် ဌာနဆီသို့ အစ်မကြီးတစ်ယောက်က လိုက်ပို့ပေးသည်။ ပို့ရင်းနဲ့လည်း ဌာနအကြောင်းတစ်ချို့ကို ပါးစပ်ကလဲ တတွတ်တွတ်ပြောနေသေးသည်။

" အားလုံးပဲ !!!! "

ဆူညံနေသော ဌာနတစ်လုံးက အပ်ကျသံကြားရလောက်သည်အထိ တိခနဲ တိတ်သွားသည်မှာ အသံပါဝါကောင်းလှသည့် ထိုအစ်မကြီးကြောင့်ပင်။

" ဒါက မားကတ်တင်းဌာနကို အသစ်ဝင်လာတဲ့ အလုပ်သင်လေး ကင်ဂျွန်မြောင် "

" မင်္ဂလာပါခင်ဗျာ အားလုံးပဲကူညီပေးကြပါအုံး "

" ဒါဆို ကိုယ့်အလုပ်ကိုယ်သာဆက်လုပ်တော့ လာ ဂျွန်မြောင် ဒီစားပွဲမှာထိုင်...ဟေအင်းရေ အသစ်လေးကို မသိတာတွေရှင်းပြလိုက်အုံးနော် "

ဆံပင်ကောက်ကောက် မျက်လုံးပြူးပြူးကောင်မလေးက ဖော်ဖော်ရွေရွေပြုံးပြလာသည်။

" ဂျွန်မြောင်နော်...ဒီဖိုင်လေးတွေအရင်ကြည့်ထားနှင့်နော် နားမလည်ရင်လဲတို့ကိုမေး ဟုတ်ပြီလား "

" ကျေးဇူးပါ ဟေအင်းရှီ "

ဖိုင်သုံးလေးခုကို လှမ်းယူရင်း ဟေအင်းစားပွဲဆီ မသိမသာစပ်စုလိုက်တော့ စာရွက်တွေကအထပ်လိုက် ဘောပင်တွေကလဲ ပြန့်ကြဲ...။ အာလူးကြော်ထုတ်လိုမျိုး သရေစာထုတ်တွေ

My Idol Becomes My Husband (U+Z)Where stories live. Discover now