Part 14

315 45 5
                                    

အရပ်သားဖြစ်သွားရတဲ့ ခံစားချက်...

ဆံပင်တိုတိုတိတိကြောင့် မျက်နှာနုနုက ပိုရှင်းလင်းနေလျက်

ဆေးမတင်တဲ့ နှုတ်ခမ်းပါးပါးက နီစွေးစွေး...

" ဂျွန်ဂျွန်ရေ...မမဒီမှာ "

အသံနုနုကြောင့် ဂျွန်မြောင်သာမက တခြားသူတွေပါ အသံလာရာလှည့်ကြည့်မိကုန်ကြသည်။

ဆံပင်ရှည်ရှည်ကို သဘာဝအတိုင်းဖြန့်ချထားပြီး အပြာနုရောင်အပွင့်လေးတွေပါသည့် ဂါဝန်ကားကားလေးနဲ့ မမက ကမ္ဘာကြီးဆီက ကောင်းချီးမှန်သမျှ အကုန်စုရထားသည့်နှယ်။

" မေမေနဲ့ဖေဖေရော မပါလာဘူးလား "

" နည်းနည်းဝေးတော့ မမတမင်မခေါ်ခဲ့တာ "

ဝေးနိုင်သမျှဝေးဝေးရောက်သည်အထိ သူပုန်းနေခဲ့တာကို သတိရမိသွားသည်။ မမကို အားနာသလိုကြည့်လိုက်တော့ မမက မမီမကမ်းနဲ့သူ့ဆံပင်တိုတိုကို အသာဖွသည်။

" အပြန်ကျွန်တော်မောင်းမယ်လေ မမ..."

အခုထိမမဆီကအကြည့်မလွှဲကြသေးတာမို့ ကားဆီသာ အမြန်တွန်းလွှတ်ရတော့သည်။ မမကတော့ သူ့ကိုကြည့်နေငေးနေတာကိုလည်း သူသိမနေ။ သူ့မျက်လုံးထဲမှာ အကိုဂျိုဟော့တစ်ယောက်သာရှိသည်မဟုတ်ပါလား။

အပြန်လမ်းမှာ မမက ကားပေါ်မှာဖွင့်ထားသည့် သီချင်းကို ခပ်တိုးတိုးလေး လိုက်ညည်းနေခဲ့သည်။ ကားမှန်ပါဖွင့်ထားတာမို့ လေနုအေးက တဖြူးဖြူး။

" မမပျော်နေပုံပဲ "

" အိုင်းဂူး မမရဲ့ကလေးလေးအိမ်ပြန်လာတာကို မပျော်ဘဲနေမလား...အကြာကြီး မဆက်သွယ်ဘဲနေလဲ နေနိုင်တဲ့ကောင်လေး "

" တောင်းပန်ပါတယ် "

" ငါ့မောင်လေးက ဘာမှားလို့လဲ...အဖြစ်အပျက်တစ်ချို့က လွဲမှားသွားတာမဟုတ်ဘူးလား အိမ်ရောက်ရင် ခနလောက်နားပြီးဖေဖေ့အလုပ်မှာကူတော့မယ်မဟုတ်လား "

" ဒါပေါ့ "

" ရီ ရီရှင်းကိုရော ဘယ်လိုလုပ်မှာလဲ "

" ဘာကို ဘယ်လိုလုပ်ရမှာလဲ "

" ရီရှင်းကလက်ထပ်တဲ့သတင်းထုတ်ထားတာကို သိလား...ငါထင်တယ် အဲ့တာက ဂျွန်...."

My Idol Becomes My Husband (U+Z)Where stories live. Discover now