Part 3

365 56 3
                                    

ရိုက်ကွင်းရောက်သည်အထိ ကားပေါ်တွင် ဂျွန်‌ေမြာင် ငြိမ်ကုတ်နေရသည်။
မငြိမ်လို့လဲ မရ...

အရက်အများကြီးသောက်ပြီး ကောင်မလေးတွေနဲ့ စကားပြောလို့ ရီရှင်းက စိတ်ဆိုးနေသည်။

စိတ်ဆိုးနေလည်း သူများလုပ်ပေးတဲ့ breakfastကို မစားပါနဲ့လား
အခုတော့ အကုန်စားပြီး ဂျွန်မြောင်ကိုကျတော့ စိတ်ဆိုးနေပါသတဲ့။

" အစ်ကို့ အစ်ကို့ "

" --- "

စကားမပြောဘဲ မျက်ခုံးတို့ကို စုကွေးလျက်သာ မော့ကြည့်လာသည့် အစ်ကိုဟာ ကလေးဆိုးကြီးလို။

ဂျွန်မြောင် အသာ ခိုးရယ်လိုက်သည်။

" အဟမ်း နေ့လည်စာ ဘာမှာပေးရမလလဲ "

" ဟော့ဒေါ့ "

" အဲ "

" ဘာလဲ မစားရဘူးလား စားချင်တာကျမကျွေးဘဲ ဘာလို့လာမေးနေလဲ "

" အယ် ထမင်းပြင်ပေးရမလားမေးမလို့ကို "

" အဟမ်း ဘယ်ဆိုင်ကလဲ "

" အိုင်းယား ကျွန်တော်ချက်ထားတာ အစ်ကို့အကြိုက်တွေ "

အင်တင်တင်လုပ်နေတဲ့ အစ်ကို သေချာပေါက် သဘောကျနေပြီဖြစ်သည်။ အိမ်ထမင်း အိမ်ဟင်းကို သဘောတွေ့သူမို့ ဂျွန်မြောင်က ဟင်းချက်ကိုလည်း သေချာသင်ထားခြင်းပင်။

လက်ဆိပ်ရှိသည့်ကောင်လေးက အပင်စိုက်လည်း ရှင်သလို ဟင်းချက်ရင်လည်း အရသာရှ်ိသည်မို့ ရီရှင်းမူမနေတော့။

" ဘယ်မှာလဲ အဟမ်း "

" ကျွန်တော့အိမ်မှာ နီးတယ်လေ "

" တကယ်ကြီး ထမင်းဖိတ်ကျွေးတယ်ပေါ့ အရင်က အလည်တောင်မခေါ်တာကို "

" ရိုက်ကွင်းခဏနားတုံး သေချာလေးနားစေချင်လို့လေ "

ထုံးစံအတိုင်း စကားက တတွတ်တွတ်နှင့် မမောနိုင်‌။

ပါးစပ်ပဲ အငြိမ်မနေတာလားဆိုမဟုတ်ဘူး လူကလည်း ရီရှင်းကို အနွေးထည်လာခြုံပေးပြန်သည်။ ဦးထုတ်ဆောင်းပေးဖို့ကလည်း မမေ့မလျော့။

My Idol Becomes My Husband (U+Z)Where stories live. Discover now