အပိုင်း။၅၇။သူ့ကိုငါချစ်တယ်/သူ႕ကိုငါခ်စ္တယ္

9.2K 1.1K 254
                                    

Suprise!comeback updateကြောင့်
ပျော်သွားရင်ကြေနပ်လှပါပြီ

===========

ထိုနေ့ညက သူကျတော့်ရင်ခွင်ထဲ
ငိုရင်းအိပ်စက်ခဲ့သည်

လရင့်နေသောကိုယ်ဝန်သည်
သူနဲ့လိုက်ဖက်နေပေမယ့်
မနက်ဖြန်အတွက် ရင်လေးနေမိသည်

အကယ်၍ သေရမည်ဆိုပါက
ကိုယ်သာအသေခံလိုက်မည်
သူတို့ကိုတော့ မြူတမှုန်ပင်
အထိခိုက်မခံနိုင်ပါ...

====

ညသုံးနာရီ
နှင်းတွေခဲနေအောင်ကျသော
အချိန် တွင် မီးလေးလင်းလာသော
အိမ်လေး

ထိုအိမ်ထဲမှ လူသုံးယောက်
မီးအိမ်လေးတစ်ခုကိုင်ကာ
ဝါးရုံတောဘက်မှ တဖက်သို့
ကူးနေ၏

တယောက်က အနောက်တွင်
ချန်နေခဲ့ကာ ကျန်နစ်ယောက်ထဲက
ကိုယ်ဝန်နှင့်ကောင်လေးသည်လည်း
မသွားချင်သွားချင်လေးနှင့်
နောက်သို့ခေါင်းလိမ်ကြည့်နေရင်း
ရှေ့က ကောင်လေးဆွဲသွားသော
ဘက်သို့ ပါသွားနေခဲ့သည်။

နဂါးနီ တပ်က
အလွန်ဆုံးရှိ ၁၂ယောက်
ဒီစခန်းကို ဖောက်ဖို့
တော်တော်ကြိုးစားရမည်သာ

သူတို့ တောင်အောက်ဘက်သို့
တခြားလမ်းကပြေးဆင်းအပြီး

မီးကျည်အနီများနဲ့ တတ်လာကြောင်း
အကြောင်းကြားနေပြီဖြစ်သော
နဂါးနီ....

နဂါးနီက အတော်ဆုံး
စစ်ဗိုလ်ပါများနဲ့ ဖွဲ့စည်းထားပေမယ့်
မူ့ဝါတွေကိုတော့ သတိထားရမည်သာ
ဒီနယ်မြေ အနေထားက မူ့ဝါ
အပိုင်လိုဖြစ်နေပြီမို့ အထင်သေး
မိသည်နှင့်အကုန် ပျက်စီးသွားနိုင်၏

ထိုစဥ်
နားထဲတိုးဝင်လာသောလေချွန်သံ

မူ့ဝါတွေ သိသွားပြီ....

အန္တာရယ် နယ်မြေအဖြစ်
တစ်ခဏအတွင်းအသွင်ပြောင်းကာ
ဝုန်းဒိုင်းနှင့် အသင့်ဖြစ်နေပြီဖြစ်သော
မူ့ဝါတပ်.....

အချို့သော
နဂါးနီ တွေသည်လည်းရေတံခွန်
ချောင်းဖျားကနေ ခိုတတ်လာရင်း
ဝါးရုံတောထဲ ကတဲထဲရောက်လို​့
နေပြီသာ

"အရှင် မယ်မယ်နဲ့လိုက်သွားပါ"

.မူ့ဝါတွေကအထင်သေးစရာ
မဟုတ်ဘူး
ငါကဒီမှာနေထားတဲ့လူ
ဘယ်နေရာဘာရှိလဲသိတယ်
ထောင်ချောက်တွေနဲ့
အကုန်မသေ
ခြင်ရင်ငါပြောတာလက်ခံ
မြောက်ဘက်နယ်မြေထဲ
သူတို့မျှားခေါ်လိမ့်မယ် မဝင်မိစေနဲ့
အဲ့တာ သေမင်းတံခါးပေါက်
ဆင်တောင်ကျရင်သေနိုင်တဲ့
မြေမြုတ် ဆူးပုန်းကျင်းတွေရှိတယ်
....
....
ခဏနေရင်တောလမ်းအတိုင်း
တတ်လာမယ့် နဂါးနီ တွေဘက်
အခုမင်းတို့ထဲက တယောက်အမြန်
သီတင်းသွားပေး
ဘယ်အရာမှ ငါ့ဘက်ကမလှုပ်ရှားသေးပဲ ဇွတ်မလုပ်စေနဲ့.... မဟုတ်ရင်
အပြန်လမ်းမဲ့သွားမယ်"

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now