12.4K 1.4K 305
"သမားတော် ရောက်လာပါပြီ"
"အ့!!!!! "
အခုမှတစ်ဆစ်ဆစ်ထိုးကိုက်လာသောခါးးးး
နှင့် ဗိုက်ကြောများ
ညအိပ်ဝတ်ရုံလေးသည်ချွေးများကြောင့်
ရေစိုနေသည့်အတိုင်း
ရွဲနစ်လို့နေခဲ့၏
"မယ့်မယ့်နောက်ကြောမှာ ခေါင်းအုံး
ဆင့်ခံလိုက်ပါ"
"မယ်မယ် ဒူးကွေးပေးပါ"
ဝုန်းးးးး
"ရှောင်ကျန့်"
ထိုစဥ်အခန်းထဲသို့ အပြေးအလွှား
ရောက်ရှိလာသောမင်းကြီး
မနက်သုံးနာရီသာ ရှိနေသေးမို့
ညပိုးကောင်လေးများ၏
အသံသည်ထင်းရှားစွာကြားနေခဲ့ရ၏
"အရှင် မယ်မယ့်ကရင်သွေးလေး
မွေးမှာမို့ အပြင်ထွက်ပေး ပါအရှင်"
"မထွက်ဘူးးးး"
"ဟုတ် ဟုတ်ကဲ့ပါ"
နောက်ကြောမှခေါင်းအုံးများအား
ဖယ်ပစ်ကာနောက်ကြောတွင်ဝင်ထိုင်ရင်း
မယ်မယ့်အား မှီတင်စေထားသူ
"မယ်မယ် အရမ်းနာလာရင်
ဒီပုဝါစလေးကိုက်ထားပေးပါနော်"
လမပြည့်ပဲ ခလေးမွေးခြင်းသည်
လူကြီးရော ခလေးပါ အန္တာရယ်များ
ခြင်းကြောင့်အားလုံး ထိန့်လန့်စိုးရိမ်နေခဲ့ကြ၏
ခါးအောက်ပိုင်းအား အဝတ်ဖြူ
ပိတ်ဖြူများ အုပ်လွမ်းရင်း
သမားတော်တို့သည်လည်း
ခလေးလမ်းကြောင်းတည့်အောင်
ဗိုက်ပေါ်မှ ပြုပြင်လို့ပေးနေခဲ့၏
မယ်မယ့် နာကျင်သံတို့သည်လည်း
ကြာလာသည်နှင့်အမျှ ပြင်းထန်လို့လာခဲ့လေ၏
မင်းကြီးသည် မယ့်မယ့်နဖူး မျက်နာမှ
ချွေးတွေအား ဖယ်ရှားနေရင်း
ကိုယ်လေးအား ရင်ခွင်ထဲထွေးပိုက်လို့ထားခဲ့၏
ခလေးက လည်း အခုထက်ထိ
မမွေးဖွားနိုင်ခဲ့သေးချေ
"မယ်မယ် အားထည့်ပေးပါ
မဟုတ်ရင် ခလေးလေး အန္တရယ် ရှိကြောင်းပါ
မယ်မယ် မယ်မယ်အားစိုက်ပေးပါ"
"အ့......
အ့.......
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now