"အရှင် ဘာဖြစ်လို့ပါလဲ "
အဆောင်ထဲ သုန်မှုန်နေသောမျက်နာနဲ့
ဝင်လာသောအရှင်ကိုကြည့်ပြီး
အထိန်းတော်ကြီးက မေးရချေပြီ ""ဘာဖြစ်ရမှာလဲ ကျန့်ပေါ့..
ငါကိုယ်တော့်ကိုငြင်းလွတ်နေလို့
ကျစ် တကယ် ငါ့ကို မသနားဘူးကွာ...
လူကိုအသေလည်းရိုက်တယ်
လင်မယားဖြစ်နေပြီး နည်းနည်းလေးတောင်
ငါကိုယ်တော်ဘက်မတွေးပေးဘူး"အရှင့်အဖြစ်က တရားရုံးလည်း
သွားတိုင်လို့မရသလို မယ်မယ့်ကိုလည်း
ပွဲမကြမ်းရဲ ကြိတ်ပြီးသာရီလိုက်မိသည်။"ဒါဆို အရှင်ဘာဆက်လုပ်ဖို့တွေးမိလဲ"
"ဒီအခြေနေနဲ့ ငါကဘာဆက်လုပ်
ရမှာလဲ""ဒေါသကိုလျှော့ပါအရှင်
ပြသနာရှိရင် အဖြေကရှိပါတယ်
မယ်မယ်က အရှင့်ကိုချစ်ပြီးသားပါ
အခုက မယ်မယ် လူပျိုပေါက်လေးလို
ရီးစားထားချင်နေတဲ့စိတ်ရယ်
အရှင့်ကိုကြောက်ရှိန်နေတာရယ်ကြောင့်
အရှင့်ကိုငြင်းလွတ်နေတာပါ
ရှေ့အပတ်ထဲ မင်းသားလေး
အိမ်ရှေ့စံ ဘွဲ့တော်ပေးအပ်ပွဲရှိတယ်မဟုတ်လားအရှင်..""အင်း ရှိတယ်"
"မယ်မယ်က မင်းသား လေးရဲ့
မိခင်ပါ သူ့ရဲ့သားကို နိုင်ငံအာဏာလွှဲပေးမယ့်
နေရာမှာထားမှာကို သူမပျော်ရွင်စရာ
အကြောင်းမရှိဘူးအရှင် အဲ့ဒီနေ့မှာ
အရှင်ညာဏ်များသလောက်အရှင်
မယ်မယ့်ဆီက လိုချင်တာရမှာပါ...
ကျတော်မျိုးဆိုလိုအရှင်နားလည်
သဘောပေါက်ပါရဲ့လား"ထိုစကားကြောင့် ရွင်မြူးလာသော
မျက်နာတော် အရှင်ထိုလောက်ထိ
မယ်မယ့်အပေါ်အသည်းအသန်ဖြစ်လို့
နေခဲ့၏။မရီသင့်ပါဘူးလေ
ကိုယ်တို့ရဲ့ တယူသန်အရှင်ကြီး
အထီးကျန်နေတာ နစ်ဝက်လောက်ရှိနေပြီမဟုတ်ပါလား...=====
"မယ်မယ် အရှင်ရောက်လာကြောင်းပါ"
"အင်း ဝင်လာခိုင်းလိုက်"
အသံပေးအပြီး အခန်းထဲဝင်လာသော
အရှင် သားလေးကအခုနလေးတင်
နို့ထိန်းဆီကပါ ချိုချိုစို့ပြီး အခု ကိုယ့်လက်ပေါ်တွင် အအီပြေကစားနေခဲ့သည်
YOU ARE READING
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Historical Fictionအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..