အပိုင်း။၄၉။ရင်ခွင်နီးချိန်

9.1K 1.1K 166
                                    

မျက်ရည်....

ဒေါသ....

ပြီး အမျိုးမည်မသိသောလှိုက်ဖိုရိုက်ခပ်မူ့
ဒါတွေကသူ့မျက်နာကို
မြင်ရပြီးချင်းချင်းဖြစ်တည်လာရသော
စိတ်ခံစားမူ့များ

စိတ်၏ အလိုလက်ရဖြစ်မူ့တို့သည်
မြန်ဆန်နေသည်မှာ သူ့အသံတွေကြောင့်
ပို၍ ပို၍သာ

ထိုကြောင့် သူ့မျက်နာအား
လည်ထွက်သွားသည်အထိ ရိုက်ချမိကာ
အော်ဟစ်မိသွားသည် ပြီး
ထိုနေရာမှ အပြေးထွက်သွားမိခဲ့သည်။

အခုနေခေါင်းထဲရှိနေသည်က
ဘာလို့သူဖြစ်နေရတာလဲ
ဘာလို့သူမှ ဖြစ်နေရတာလဲ

မုန်းသည် ဒီခံစားချက်တွေကို မုန်းသည်

မသိစိတ်ထဲက စွဲနေတဲ့သူ့ရဲ့အရိပ်တွေနဲ့
သူ့ရဲ့ဖြစ်တည်မူ့တွေ

ပြီး တောင်းတနေရတဲ့လိုအပ်မူ့တွေက
သူနဲ့ပဲ စကာ သူ့ဆီကိုရောက်ရောက်လို့
နေခဲ့၏ ဒါကိုမလိုအပ်

ဒီလိုမဖြစ်ချင်ပါ...

မလိုအပ်ချင်ပါ

သို့သော်.....

ရူးရူးနမ်းနမ်းနဲ့ ခြေချနေသောအရပ်သည်
ဘယ်ဘက်ရောက်လို့ရောက်မှန်းမသိ
နားပိတ်ကာ ဘေးကတစ်ဖဝါးမခွာလိုက်နေသူအား

အထိမခံ ဘာမှနားမထောင်ကာ
သူ့စိတ်နဲ့စကားတွေသာပြောရင်း
ထွက်​ပြေးလို့နေခဲ့သည်။

"ရှောင်ကျန့် တော်ပါတော့
မင်းထင်တာတွေအတွက် မင်းမှန်သလို
ကိုယ့်လုပ်ရပ်တွေအတွက်လည်းကိုယ်မှန်
တယ်လေ ရှောင်ကျန့်ကို​ပြောတာကိုခဏလောက်တော့
...အ့!!!!"

လုံးဝလှည့်မကြည့်ကာ
အားနဲ့တွန်းထုတ်လိုက်သူကြောင့်
ဟန်ချက်မဲ့စွာ ပြုတ်ကျသွားသည်က
သစ်ငုတ်တစ်ခုဆီကိုသာ... သစ်သားချွန်က
ခြေတစ်လုံးကိုပေါက်ထွက်သွားစေပေမယ့်
ငုတ်အား ရအောင် ဆွဲထုတ်ကာ ခြေကိုဒယဥ့်တိုက်၍
ရှေ့က တောနက်ထဲ
လမ်းမသိဝင်သွားသူနောက်ပြေး
လိုက်သွားနေသူ

ထိုစဥ် မိုးသားတွေကလည်း
တောတောင်၏ မူပိုင်အတိုင်း
အချိန်အခါမဲ့စွာ ကျဆင်း၍လာခဲ့သည်။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now