အပိုင်း။၅၅။ဒီရင်ခွင်သည်သာ.

9.8K 1.1K 91
                                    

"ကျန့် ဒီနေ့ကစပြီး
ကိုယ်ကပဲချက်မယ်
ကျန့်ကအိမ်ထဲကနေလိုအပ်တာတွေ
ညွှန်ကြားပေး
.....
တပ်သားသစ်တွေက ရောက်လာကြမှာမို့
ကျန့်ကိုသူတို့ဘယ်လိုဆက်ဆံနိုင်လဲဆိုတာ
ကိုယ်တို့မသိနိုင်ဘူး
....
ဘာလို့ဆို ကျန့်က ပုံမှန်မဟုတ်တဲ့
ကိုယ်ဝန်ဆောင်ဆိုတော့...သူတို့
ဘယ်လိုထင်မြင် ပြောဆိုနိုင်မှာကို
ကိုယ်တို့မသိနိုင်ဘူး
....
ဒီကလူတွေက စိတ်ကောင်းရှိပေမယ့်
သူတို့ကတော့ဘယ်လိုစိတ်ထားတွေ
လဲဆိုတာကိုယ်တို့မသိနိုင်တာမို့
အဲ့တာကြောင့်..အတတ်နိုင်ဆုံး
အထဲမှာသာနေပေးပါ"

"ကောင်းပြီလေ ငါလက်ခံတယ်
ဒါပေမယ့် ဒီတောစပ်နား
လမ်းလျှောက်ချင်ရင်တော့
မင်းလက်ခံပေး အညှောင်းမိရင်
ခလေးအတွက်မကောင်းဘူး"

"အင်း ကိုယ်စီစဥ်ပေးမယ်
သူတို့ မရှိတဲ့အချ်န်တွေ
လမ်းထွက်လျှောက်ဖို့"

"အင်း
ဒီနေ့ အတွက် ငါမှာထားတာတွေ
သွားခူးခဲ့ပေး ငါအသီးအရွက်တွေ
လှီးပေးမယ် "

"အင်း အင်း
ကိုယ်သွားခူးတော့မယ်"

ကိုယ်မှာထားတာတွေခူးဖို့
ထွက်သွားသောသူ

သူထွက်သွားပြီး ဘယ်လောက်မှ
မကြာပါ ဆူညံစွာဝင်လာသောအသံများ....
.....

မှု့ဝါ တွေကတိတ်တိတ်ဆိတ်ဆိတ်နေကြ
ပေမယ့် သူတို့ကအရမ်းဆူညံကြမည့်
သဘောမှာရှိနေ၏။

"ဟ ဒါက ဟင်းချက်တဲ့နေရာလား?"

"မြင့်လိုက်တာ တောထဲကတပ်မှာ
ဟင်းချက်တဲတွေဘာတွေနဲ့.."

အသံတွေကတဲရဲ့ဘေးမှာ
ဝဲလည်လည်

"အထဲမှာလူရှိနေတဲ့ပုံပဲ"

"ဟင်!!!!"

ဒီလူတွေတော်တော်လေးအတင့်ရဲလှ၏
ရောက်လာတာဖြင့်မကြာသေး
နေရာတိုင်းကိုသိချင်စိတ်ပြင်းပျနေခဲ့၏

တံခါးဘက်ကိုလှမ်းလာသော
ခြေလှမ်းများ...

ဒီလူတွေတံခါးကိုဖွင့်တော့မလို့လား...

"မင်းတို့ကဒီမှာဘာလုပ်နေတာလဲ"

"ခေါင်းဆောင်ယော့"

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now