အပိုင်း။၁၁။ ခံစားချက်တို့လောင်မြိုက်နေသူ

13.1K 1.4K 277
                                    

*ကဲ မင်းလိုက်မလား နေခဲ့မလား...*

*ကျ ...ကျတော်*

နာရီပေါင်းများစွာ အစားမစာပဲ
လမ်းလျှောက်လာခဲ့ရလို့
ဖြူဖျော့နေသောမျက်နာလေးသည်
မေးစကားကြောင့်ဝေခွဲမရ ဖြစ်နေခဲ့၏။

မျောက်လေးကတော့
ဆာ၍ထင်၏တော်တော်လေး
သောင်းကျန်းနေခဲ့၏..

သူလည်း တောလေရိုင်းများ၏
ရိုက်ခပ်သံတွေနဲ့
ရရှိခဲ့တဲ့နာကျင်မူ့တွေပါရောကာ
ခိုက်ခိုက်တုန်နေခဲ့သည်။

*ကျတော်.... *

*ပြတ်၂သား၂ပြောလိုက်ပါ
ငါကိုယ်တော် တိတိကျကျကြားချင်တယ်*

မင်နိုင်ငံပြည့်ရှင်၏ အမေးစကား...

သူလေး
တစ်ခုခုအားရေးခြစ်ပြဖို့လုပ်နေစဥ်...

ထိုစဥ် ရုတ်တရက် ပစ်ဝင်လာသော
မျှားတံများ....

**လုပ်ကြံသူတွေရောက်နေပြီ
ဘုရင်မင်းမြတ် ကိုကာကွယ်ကြ...**

ဘေးကစစ်သည်တိူ့သည်
ဝင်ရောက်တိုက်ခိူက်မူ့တွေအတွက်
အသင့်အနေထားဖြင့်ရပ်နေကာ...
သူသည်လည်း ကျတော့်အားဆွဲ၍

ဝှက်ကျငိးနှင့်တူသော မြေချိုင်းဘက်သို့
လိမ့်ဆင်းသွား၏....။

မျောက်ငယ်က စစထဲက ပုခုံးပေါ်မှာ
တတ်သောင်းကျန်းစဥ်
မျှားတံတွေ ဝင်လာသည်မို့
....
နောက်ကြောမျှားစိုက်တန်းလန်းနှင့်
ကျတော်ဆွဲချဖက်ထားသောနေရာသို့
နာကျင်စွာပါလာခဲ့၏

*မျောက်လေး ဟင့် မျောက်လေး*

မျောက်လေးကတော့ နာကျင်၍
ထင်သည် အစွမ်းကုန်အော်ဟစ်နေခဲ့သည်။

သူသည်လည်း သူ့အဖော်ဖြစ်
ရက်နဲ့ချီနေပေးခဲ့သူလေးအား
အရမ်းသံယောဇဥ် ဖြစ်နေမိသည်မို့
ရင်နာစွာ ငိုကြွေးနေခဲ့သည် ။

အပေါ်ဘက်နားက ခုတ်သံ များနှင့်
ညံဆူနေချိန်တွင်....

နောက်ထပ် ဘုရင့်တပ်များရောက်လာပြီး
စစ်ကူတောင့်တင်းသွားသည်မို့...

လုပ်ကြံသူများသည် သူနှင့်မင်းကြီးရှိနေသော
နေရာမရောက်မှီမှာပင် လှည့်ပြေးကုန်ကြ၏။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now