အပိုင်း။၃၉။ရင်သွေးနှင့်အတိတ်

11.4K 1.3K 289
                                    

ရာသီဥတုက မုတ်သုန်ကနေ
ဆောင်းအကူးအပြောင်းကာလမို့
ရာသီဥတုတို့သည် နေပွင့်နေသော်လည်း
အေးစက်စက်လေးဖြစ်လို့နေခဲ့၏

ဒီကာလတွေထဲယင်းမင်းသမီးနဲ့
မယ်မယ်တို့ကြားအပြန်အလှန်
ပြသနာများစွာရှိခဲ့သော်လည်း

ဘက်လိုက်တတ်သော မင်းကြီးကြောင့်
မယ်မယ်သည်သာ အမြဲအနိုင်ရခဲ့၏

အမြဲ ပစားပေးခံရ၏

အရင်ကထက်ပိုချစ်ခံရ၏

ယင်းကြင်ရာတော် သည်
အခုဆို သူ့အနားတွင်ခစားနေသော
ယင်း ပြည်မှပါလာသော ရံရွှေဖော်များအစား
ဝမ်ပြည် မှ အပျိုတော်များကသာခစားရ၏

သူ့ဘေးမှလူများအားလုံးသည်
ချင်မယ်မယ်၏ မင်းကြီးအား တိုက်တွန်း
မူ့ကြောင့် ယင်းပြည်သို့ပြန်အပို့ခံခဲ့ရ၏

အကယ်၍ သူသာဒီထက်မလိမ်မာရင်
သူပါ ယင်းပြည်သို့ပြန်ရမည်သာ
.....

ယင်းမင်းသမီးသည် အရမ်းပါးနပ်လှသည်

သို့သော်သူ၏ မနာလိုမူ့ကသာ
သူ့အားအကျိုးပေးသည်မို့
မင်းကြီးဆီက အချစ်မခံရခဲ့ပေ....

ရှောင် မယ်မယ်ကိုသာ
ရူးရူးမူးမူး ဖြစ်နေသူမို့
ရှောင် မယ်မယ်ကသာ သူ၏ အရာရာ
ဖြစ်လို့နေခဲ့၏

ယင်းမင်းသမီးက သူ့အား
တရားမျှတမူ့၏အရှင်သခင်ဟု
တထစ်ချယုံစားကာ သူ၏ ပညာများ
ထုတ်သုံးပြီး သူ့ဘက်ရပ်တည်လာအောင်
အမျိုးမျိုး ကြိုးစားသော်လည်း
တစ်ခုမှပြန်မရရှိခဲ့ပေ.....

အခုနေ နဂါးဆိုးမယ်တော်ဟာ
ငြိမ်နေလိုက်ပေမယ့် နောင်တွင်ဆိုး
လာနိုင်သည်မို့ ယင်းမင်းသမီးအား
အမြဲ လေ့လာ နေရမည်သာ။

ရှောင်မယ်မယ် သည်
ဒီတစ်လော နေသိပ်မကောင်းသလား
ထင်ရ၏

မျက်နာလေးတွေကျလာ၏

တမိုင်မိုင်တထွေထွေနဲ့
အစားလည်းသိပ်မစားပေ

ထိုကြောင့် နေ့လယ်ခင်းတွင်
သမားတော် တပါးအားခေါ်ဆောင်ကာ
မယ်မယ့်ဆီ အခစားဝင်ခဲ့မိ၏

"မယ်မယ် ချင်ညီမလေးလာပါတယ်"

"ချင်ညီမလေး လာ လာ
ငါ အခုက ပန်းချီ ပန်းထိုးနေတာ....."

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now