အပိုင်း။၄၂။ဖိုးကံကောင်းနှင့် ရွှေအ တွေ့ဆုံ

8.6K 1.1K 110
                                    


"ဒါက မင်းတို့မောင်နှမနစ်​ယောက်
နေရမယ့် နေရာပဲ
မင်းကဘေးအခန်းမှာနေ
မင်းကတော့ဒီဘက်အခန်းနေ"

"ကျေးဇူးပါ အိမ်တော်ထိန်းကြီး"

"ရတယ်"

##တည်လွန်းသောအိမ်တော်ထိန်း
ထွက်သွားတော့ သက်ပြင်းတွေ ချမိသည်
ကိုယ်ကလိမ်ထားတော့ကြောက်ရသည်
မဟုတ်ပါလား အရှင်ကတော့
အေးဆေးစွာ ပင်

ဒါကအလုပ်သမားတန်းလျှား
နစ်ထပ်တန်းလျှားဖြစ်ကာ
ဒီအိမ်တော်မှ အလုပ်သမားအားလုံး
ဒီနေရာတွင်နေကြရ၏

ဒီအိမ်တော်ကရှောင်မယ်မယ်အကိုတော်
နေအိမ်တော်အကျယ်ချုပ်ကျစဥ်နေထားတာမို့
အပြင်မထွက်ပဲနေရသောအလုပ်သမား
၅ယောက်လောက်ရှိ၏

အခုက မယ်မယ်အိမ်ပြန်လာသည်မို့
မယ်မယ်အနားစောင့်ရှောက်ဖို့
အကူမိန်းခလေးလိုသဖြင့်
ကိုယ်တွေအား သနားပြီးမယ်မယ်က
လက်ခံလိုက်ခြင်းသာ###

အခုနေ
နန်းတွင်းကလူတွေသိထားသည်က
အရှင်က ကိုယ်နဲ့အတူ စိတ်ပြေလက်ပျောက်
ချင်ကိုခရီးနှင်သွားသည်ဟုသာ ပေးသိထား၏

ထိုအတွက်ကြောင့်
လူတိုင်းက ဘုရင်ဒီမှာပဲရှိနေမည်က်ို
မရိပ်မိခဲ့ကြချေ။

ဆံပင်စုတ်ဖွားဖွား
မျက်နာက အနာရွတ်ပုံစံတွေက မြင်ရသူတိုင်း
မမှတ်မိလွယ်သော ကြာကြာမကြည့်နိုင်သော
မျက်နာ၏ တင့်တည်မူ့များသာ

"အရှင် မယ်မယ်မရိပ်မိစေနဲ့နော်
ခဏနေ အိမ်တော်ဘက်ဝင်ပြီး
အလုပ်လုပ်ရမှာ
နောက်ပြီး ဒီမျက်နာကိုလိမ်းရမယ့်ဟာ
တွေလည်းသေချာဖွက်ထားနော်"

"ငါသိတယ် ဆရာလုပ်တာတော်တော့"

"အံမယ် သူများကကူညီနေတာကို
ဘာဆရာလုပ်တာလဲ အခုမယ်မယ့်ကို
သွားပြောလိုက်ရ ဟင်းးး"

"ဒီအားနည်းချက်ကမင်းရောငါရော
သေမယ့်အကွက်လေ သွားပြောချင်ပြောလိုက်
ငါတို့ကစစထဲကလင်မယားတွေမို့
လင်မယားသဘာဝအတိုင်းချော့လိုက်ရင်
အဆင်ပြေသွားမှာ မင်းကသာ
မျောက်သစ်ကိုင်းလွတ်မှာ"

"စိတ်ကူးတွေယဥ်နေပြန်ပြီ
ဟိုက စိတ်နာနေလို့နန်းတွင်းက
ထွက်သွားတာကို အပိုတွေလုပ်နေလိုက်
အရှင့်ကိုတွေ့မှာသာ အိမ်တော်အပြင်ဘက်
ဆွဲထုတ်ပြီး ဝိုင်းရိုက်ကြမှာ"

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now