11.6K 1.2K 175
မယ်မယ်  အနည်းငယ်ဖျားနာလာ
သဖြင့် အားလုံးက အရှင့်အဆောင်တွင်သာ
ရှိနေခဲ့ရ၏
အခုချိန်တွင်မယ်မယ့်စိတ်ထဲအရှင့်အပေါ်
ချစ်သည် မုန်းသည် စိတ်ခံစားမူ့များ
အလျှင်းမရှိကာ အရောင်မဲ့နေခဲ့သည်။
ထိန့်လန့်မူ့ကြောင့် လုံခြုံမူ့ကိုသာ
သူအသည်းအသန်ရှာဖွေနေခဲ့သည်။
ဒေါသတွေ ကလဲ့စားချေခြင်းတွေအတွက်လည်း
မယ်မယ့်ဆီတွင်တွေ့ခွင့်မရခဲ့သေးချေ။
ယခုအချိန်တွင်အရှင်မင်းကြီး ကိုပင်
သူမုန်းနေသူဟု သိနေခြင်းထက်
သူ့ဘေးအကာကွယ်တစ်ခုလိုပင်
မှတ်ယူနေနိုင်သောကာလလေး
အရှင်သည်လည်းဒီရက်ထဲ
နန်းတွင်းရေးရာများအား မိမ်ိအဆောင်တွင်သာ
ကိုင်တွယ်​ဖြေရှင်းရင်း လုပ်စရာရှိတယမှန်သမျှကိုလည်း
အဆောင် ၏ ဧည့်ခန်းမတွင်သာကြားနာ
ခဲ့၏။
အချစ် အမုန်းထက် အနားမှာ ဂရုစိုက်ခြင်း
နစ်သိမ့်ပေးခြင်းတို့ပိုနေသူရယ်
ကာကွယ်မူ့တစ်ခုလိုအပ်နေခြင်းကြောင့်
ခဏတာ ခိုဝင်ခြင်းတွေနဲ့မယ်မယ်ရယ်က
တကယ်ပင်လိုက်ဖက်လွန်းလှ၏။
.......
ခုချိန်တွင် မယ်မယ်သည်
သူ၏ခလေးဟုတင်စားရသော
မျောက်ငယ်လေးအော်ရင်ကိုပင်
ထိန့်လန့်လို့နေတတ်ခဲ့၏။
ထို့ကြောင့်အရှင်ကမျောက်ငယ်လေးအား
^^ဆက်အော်ရင်မောင်းထုတ်ပစ်မယ်
ရှောင်ကျန့် နားကမောင်းထုတ်ပစ်မယ်ဟု^^
ပြောပြီးကထဲက ဘယ်တော့မှ မအော်တော့ကာ
ခပ်လှမ်းလှမ်း တွင် ငေးကြည့်နေခဲ့သည်။
အသီးလေးစားလိုက် သူ့သခင်ကိုငေးကြည့်လိုက်နဲ့
သူအဝေးကနေဂရုစိုက်ပေးနေခဲ့သည်။
သံယောဇဉ် ဆိုတာက သိပ်ကို
အံ့သြဖို့ကောင်းသား
အရှင့်ကြောင့်တောနက်ထဲ
မယ်မယ်တစ်​ယောက်ထဲဒုက္ခရောက်နေစဥ်
မယ်မယ့်အနားကောင်းတူဆိုးဖက်
နေပေးခဲ့သူလေးမို့
မယ်မယ်အသက်မက ချစ်လည်း ချစ်စရာသာ....
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now