အပိုင်း။၁၂။ကိုယ့်ပြည်သားလုပ်လိုက်ပါလား

12.9K 1.4K 292
                                    

မင်ပြည်ထောင်စု...

စာအုပ်စာပေထဲမှာပဲရင်းနှီးခဲ့ရသော
နယ်မြေအနေထားအား အခုလို
ရင်းနှီးခွင့်ရခဲ့မယ်လို့ အိမ်မက်တောင်
မမက်ဖူးခဲ့ပေ...

အခုကနေဝင်ချိန်ရောက်နေပြီမို့
အဆောင်အသ​ီးသီးမှ မီးအိမ်ငယ်များအား
ထွန်းညိနေခဲ့ကြလေပြီ။

ဧည့်ဆောင်နန်း တစ်ခုတွင်
ချွေရံသင်းပင်း များနှင့် လိုလေသေးမရှိအောင်
ကောင်းမွန်စွာဆက်ဆံ ပေး၏။

ပိုးဖဲ အထည်လိပ်တွင် နာမည်ကြီးသော
နေရာတွင်မင်တိုင်းပြည်အား မည်သူမှ မယဥ်နိုင်

ပင်လယ်ကမ်းစပ်များနှင့်လည်းထိစပ်ထားသည်မို့
တစ်ပါးပြည်ထောင်မှ ကုန်ကူးသန်းရောင်းဝယ်သူများနှင့်
စည်ကားသော တိုင်းပြည်

သို့သော်

ဝမ်အင်ပါယာက နယ်မြေများစွာသိမ်းယူပြီး
သူ့လက်အောက်နိုင်ငံများစွာပိုင်ဆိုင်ထားတာ
ကတစ်ကြောင်း

သဘာဝတွင်းထွက်များ ပေါကြွယ်ဝမူ့ကြောင့်

ဝမ်နှင့် မင်က ထိုနေရာတွင်ယဥ်၍မရပြန်

သို့သော်မင်၏ ဖြစ်တည်မူ့က ငြိမ်းချမ်း၏

လက်မူ့ပညာ..ကူးသန်းရောင်းဝယ်မူ့များနှင့်
အနီးနိုင်ငံအားလုံးအား မဟာမိတ်ဖွဲ့ထားသည်မို့
မင်ပြည်ထောင်တွင် အရပ်သားများ
စစ်မတိုက်မနေရ...မရှိပါ....။

ဝမ်တွင်​ေတာ့ ဒီဥပဒေရှိ၏

သို့သော် ပြည်သူပြည်သားများ၏
အင်အားတောင့်တဲ့ နိုင်ငံဟု ဂုဏ်ယူချင်စိတ်
ကြီးမားမူ့... ယဥ်ပြိုင်လိုစိတ်ရှိမူ့...

ဆုလဘ်များရရှိမူ့အပေါ်... သူတို့အားလုံးကြေနပ်ကြ၏။

မင်ရဲ့ နေဝင်ချိန်လေးက အေးမြလိုက်တာ

နန်းတော်ပေမယ့်...
မာန်မာန တွေမရှိ
လွတ်လပ်အေးချမ်းခြင်းများစွာရှိနေသလိုပါပဲ....

ရိုးရှင်းတဲ့ခန်းနားမူ့တွေပါလား..

ထိုစဥ် အကျီ်စအားလာဆွဲသူ

*ဟင်...
ဖိုးကံကောင်းလေး
မင်းနိုးနေပြီလား...*

သူအိပ်ပျော်နေချိန်တွင်
အရှေ့က ဥယျဥ်ငယ်ဆီ
လေညင်းထွက်ခံနေတုန်း
ရောက်ရှိလာသူလေး

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now