အပိုင်း။၃၃။ရင်နာခြင်းမမည်သောပျော်ရွင်ခြင်း

11.6K 1.4K 246
                                    


"အရှင် မင်းသားလေးကို
မြုတ်နှံဖို​့ အချိန်ကျရောက်ပါပြီ"

ထိုစကားကြောင့် ကွင်းပြင်ထဲက
လူအများအားလုံး၏ င်ိုကြွေးသံများ
ရှိုက်ငင်စွာ ပေါ်ပေါက်လို့လာခဲ့၏

သားငယ် ကံကုန်ပြီး ၃ရက်မြောက်နေ့သည်
စျာပန အခမ်းအနားအား
ကျင်းပသောနေ့

ခလေး၏ မိခင်
နိုင်ငံ၏ မိဖုရားတပါးဖြစ်သော
ရှောင်မယ်မယ်ကတော့
အခုထက်ထိ သတိမကပ်သေးချေ

သို့သော် သူ၏ သားတော်
နောက်ဆုံး အချိန် အား
မြင်တွေ့ခြင်း မရှိနိုင်သေးသော်လည်း
မေ့​မျော နေသော ခလေး၏မိခင်သည်
ထိုကွင်းပြင်၏ အလယ် မင်းကြီး၏
ပုခုံးထက် သတိကင်းစွာအိပ်စက်လို့
နေခဲ့၏

""သားတော်ကိုထွက်သွားခွင်မပေးချင်ပေမယ့်
ကိုယ်ပေးရတော့မယ်

ခလေးငယ်လေးကို ၁ရက်ပြည့်အောင်တောင်
မပွေ့ခဲ့ရဘူး

လက်သေးသေးလေးတွေကိ​ု
ခြေသေးသေးလေးတွေကို
ကိုယ်နမ်းခွင့် ထပ်မရနိုင်တော့ဘူး

နိုင်ငံတွေကိုသိမ်းပြီး လူယုတ်မာလုပ်ခဲ့ရတာ
ဒီခလေးငယ်လေးကိုမက်မောတဲ့စိတ်
တစ်ခုထဲအတွက်

ဒါပေမယ့် အရာရာဟာ
ကိုယ်ဖြစ်ချင်တာတွေရဲ့
ဆန့်ကျင့်ဘက်တွေပဲ ဖြစ်ခွင့်ရခဲ့တယ်

"မင်းနိုးထလာပါတော့လား

သားကို ထွေးပွေ့ပါအုံးလား.

သားတော်လေး..မျက်နာကို
တစ်ခေါက်လောက်တော့မင်းကို
ပေးမြင်စေချင်မိတယ် ရှောင်ကျန့်ရယ်..""


..........

အခုတော့ မေ့မျောနေသော
သူ့အား ပြန်လှဲချပေးလိုက်ကာ
ညာဘက်မှ သားလေး၏ ရုပ်အလောင်းငယ်အား
ပွေ့ရင်းစေ့စေ့ကြည့်ကာ

တသက်နဲ့တကိုယ် မကျခဲ့ဖူးသော
ဖခင်တစ်ယောက်၏ နာကျင်ခြင်း
မျက်ရည်များ မျက်ဝန်းမှ
သူ့အလိုလိုစီးကျလာခဲ့၏

#သားတော်လေးဟာ
အမှောင်လွမ်းနေတဲ့ဂြိုလ်ငယ်လေး
မဟုတ်ဘူး

သားတော် လေးဟာ နေမင်းတစ်ပါးပါ
ခမည်းတော် ထက်ကို ပိုဘုန်းတန်ခိုးကြီးမယ့်
နေမင်းတစ်ပါးပါ

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now