11.7K 1.4K 180
လေနီရောင်တွေတိုက်ခိုက်သွားသော​ကြောင့်
သွေးလွမ်းနေသော နေသောကောင်းကင်ကြီး
သွေးဖြင့်လှုပ်နိုးထားသောထိုမကောင်းဆိုးဝါးသည် အဝတ်ပိတ်စငယ်၏ ရနံရှိရာနေရာအား
အင်အားကောင်းစွာဖြင့်တိုးဝင်လို့သွားခဲ့လေသည်။
ဝူးးးး!!!!!! ဝေါ!!!!!!
ကြမ်းတမ်းသောလေနီကြမ်းကြောင့်
ထိုမကောင်းဆိုးဝါးသွားရာလမ်းကြောင်းသည်
စစ်သလင်းပြင်လိုသာဖြစ်သွားခဲ့ရလေသည်။
သူ၏ဦးတည်ရာသည် သူနိုးထလာခြင်း
တိုးဝင်လာသောရနံလေးရှိရာနေရာသာ
ဖြစ်လို့နေခဲ့လေသည်။
***
ညအချိန်အဆောင်တော်တွင်
မင်းကြီး၏ တိုင်းပြည်ရေးရာများဖတ်ရူ့နေချိန်
ချွမ်း ခနဲမည်စွာ ကျရောက်လာသော
သူ၏ညာဘက် ဓားစင်တန်းမှ
ဓားတစ်ချောင်း
လေမတိုက်ပါပဲ လျှက် ပြုတ်ကျလာပါသော
ဝမ်မင်းခေတ်အဆက်ဆက် တိုက်ပွဲတွင်
အသုံးပြုခဲ့ကြသော သွေးရာဇဝင်တို့ရဲ့အရှင်
သူသည် မင်းတစ်ပါးလို အာဏာစက်ရှိ၏
ရှေးယခင်မင်းကြီးများ၏ သွေးသစ္စာ
သွေးကျိန်စာများဖြင့် နတ်နန်းများ
ဗိမာန်များပါ ထားရှိခဲ့သော ထိုဓားသည်
ဝမ်အင်ပါယာ၏ အလင်းရောင်တစ်ခုမျှသာ
ရုတ်တရက် ဘာအကြောင်း မှမရှိပါပဲ
ဓားဆင်ပေါ်မှ ကျရောက်လာသောထိုဓား
အနားသို့တိုးသွားကာ
ပြန်ကောက်ယူရင်း လက်ပေါ်သို့
ရောက်ရောက်ခြင်းခံစားလိုက်ရသည်က
ထူးဆန်းသော ခံစားချက် တချို့
သို့သော်ထိုးဓားသည်ကိုင်ဆောင်လိုက်တိုင်း
အာဏာစက်ပြင်းရှစေသော ရသအား
ပေးဆောင်နေသဖြင့်
ထပ်မံသူ့နေရာတွင်အထားတွင်
လှုတ်ခါလာသော ဓားးး
တစ်ခုခုအသိပေးနေခြင်းတွေလား
စစ်ရဲ့နမိတ်များလား
သေချာသည်က ထိုအရာသည်
ကောင်းသောကိစ္စတော့ဟုတ်မနေနိုင်ပါ
ဓားတိုင်းတွင် အစောင့်ရှိသည်
ခေတ်အဆက်ဆက် ကျင်လည်လာသော
ထိုဓားတွင်လည်း သွေးကျိန်စာများစွာ
ရှိလို့နေခဲ့ပေမည်။
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now