အပိုင်း။၈။နာကျင်စေသူအားမနာကျင်စေလိုသူ

13.6K 1.3K 169
                                    

တောလမ်းသည်
လူတစ်ယောက်စာ ခုတ်ထွင်ရှင်းလင်းထားသော
လမ်းငယ်များသာဖြစ်သည်မို့

မိုးကြီးပြီး အပင်တွေ ကျိုးကျလျှင်
လမ်းများပျောက်ကာ..
ထွက်ပေါက်ပိတ်တတ်၏။

*တောက်!*

အခုလည်း အုန်းခွံရောင်မြင်းပေါ်က
လူတစ်ယောက်၏ တောက်ခပ်သံ

တောင်နစ်လုံးကြားထူထဲသော
တောအုပ်ကြီးသည်လည်း
မိုးမင်း၏ အဖြစ်သည်းခြင်းကို
ခံနေရသည်မို့...
သူ၏ တစ်ကိုယ်လုံး သည်လည်း
မိုးရေများရွဲနစ်နေလေတော့၏

အော်သံတွေပေးနေသော မိုးမင်းကြီးသည်
ဒီနေ့ တစ်ရက်လုံး ရွှာနိုင်ချေရှိ၏။

ရင်ဘက်ထဲက ရမ္မက်၏ ပူလောင်သော
လိုအပ်ချက်တို့သည်လည်း
အေးစိမ့်သော မိုးရေများကြောင့်
အနည်းငယ် အနည်ထိုင်သွားတော့ သလို....

နာရီများစွာလမ်းပျောက်နေခြင်းအပြင်
စီးလာသော မြင်းသည်

လာရာလမ်းအတိုင်း တရှိန်ထိုး
ပြန်လှည့်သွား၏

ဇက်ကြိုးဘယ်လောက်ကိုင်ကိုင်
လုံးဝမမူ့တော့သည့်အတိုင်း

တောထဲသို့ပြန်လည်ပေးဝင်သွားခဲ့၏

ကျိုးနေသောသစ်ကိုင်းများ
အပင်များနှင့်ညိပြီး
မထိခိုက်ရန်လည်းကာကွယ်၍မရ

မြင်း၏ပြေးလမ်းတစ်လျှောက်
ညိစွန်းခဲ့ရသော ဒဏ်ရာအနာတရများ

ဝတ်ရုံများ ဆုတ်ပြဲသည်အထိ
သွေးများယိုစီးလာကာ....
တားမရသည့်အဆုံးလွတ်ထုတ်ဖို့
ကြံမိသော်လည်း ဘေးပတ်ဝန်းကျင်၏

အနေထားသည် ခုန်ဆင်း၍ မရနိုင်ပါ
.

.

.

နာရီဝက်အကြာတွင်

ထိုမြင်း၏ တည်နေရာကို
တဖြည်းဖြည်း ရိပ်မိလို့လာခဲ့သည်။

ဒီမြင်းက ဟိုတစ်ယောက်ရှိနေတဲ့
အပင်ကြီးဆီ ပြေးနေတာပဲ

ငါကွာ.......

.

.

.
အခုချိန်လောက်ဆို မိုးရေထဲ
မေ့မျောပြီး တတ်နေလောက်ရောပေါ့..။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now