အခန်း၁။ အယူခံအမုန်း

28.5K 1.7K 54
                                    

အဝေးကတိမ်တိုက်တွေအား
တွေဝေစွါကြည့်နေသော
ကျောပြင်ကိုငေးကြည့်ရင်း
ရင်ထဲဝမ်းနည်းစိတ်ကဝင်လာရသည်။

သူ့ကိုလွမ်းနေတုန်းလားဟင်...

အခုလိုမပျော်တာမြင်ရတော့
တကယ်စိတ်မကောင်းရပါဘူး

ကျမ ကိုခွင့်လွှတ်ပါ
ယောက်ကျား ရယ်...။

ခမည်းတော်ရဲ့ အမိန့်သံတွေက
ကိုယ်တဖက်သက်ချစ်ရသူနဲ့
အကြောင်းပါစေဆိုပေမယ့်

ကိုယ့်အား လုံးဝအလိုမရှိသူကြောင့်

အမြဲ စိတ်အားလည်းငယ်မိသလို

အားလည်းနာမိခဲ့၏။

ကျမကြောင့်ရှင်ချစ်ရသူနဲ့ ကွဲခဲ့ရတော့
အရမ်းနာကျဥ်းနေခဲ့မှာပဲ​ေနာ်။

............................

သူမတွေးနေစဥ်
ထိုလူသည် ဒီဘက်သို့လှည့်လာ၏။

*မင်းရောက်လာရင်အသံပေးလေ..*

*ဟင်!!!!.....အာ.
တောင်းပန်ပါတယ်နော် ယောက်ကျား.. ဟိုလေ*

*ဘာလာလုပ်တာလဲ*

*နေ့လည်စားဖို့အစာပြေလာပို့တာပါ.
ကျမလမုန့်လေးတွေလုပ်လာတယ်။
ယောက်ကျား စားကြည့်ပါလား*

*ထားခဲ့..ဒါနဲ့
ငါ့ငယ်လေး ရော....
ဥယျာဥ်မှာ
စောင်းတီးနေတုန်းလား*

*အင်းလေ ယောက်ကျား
..သွားခေါ်ပေးရမလားဟင်*

*မလိုဘူး ခလေးကို
နားခိုင်းလိုက်တော့
ပြီးမနက်ဖြန်မင်းအဖေဆီသွားရမယ်။
....
ငါတို့ကိုခေါ်ခိုင်းလိုက်တယ်တဲ့
ခုနကပဲစာလာတယ်။.*

*ခမည်းတော်ကခေါ်တယ်ဟုတ်လား
ဘာလို့လဲဟင်*

*အဲ့တာတော့
ငါလဲမသိဘူး မင်းဒီကိုရောက်ပြီးထဲက
တခါမှမပြန်ရသေးဘူးမဟုတ်လား။
Wang Yan Li**

*မပြန်..ရလည်း ရပါတယ်
ယောက်ကျား *

*ဘာလို့လဲကိုယ့်မိဘဆီပဲ ပြန်ပေါ့
ပြီး...
ပြန်မလာလည်းရတာကိုhk*

*ယောက်...ယောက်ကျား*

ပညာရှိနည်းနဲ့နှင်ထုပ်ခြင်းကြောင့်
တုန်ယင်လာသူလေး...

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now