13.6K 1.4K 228
*ဝမ်မင်းကြီးနှင့် အမတော်မင်းသမီး
ဒီညနေအေးတွင် မင်နန်းတော်သို​့ဝင်ရောက်
လာနိုင်ကြောင်းပါ.....*
*ဘာပြောတယ်!!!! သူတို့ကရုတ်တရက်ကြီး
ဘယ်လိုကနေဘယ်လို ဘာကြောင့်ငါ့ကို
ကြိုမလျှောက်ကြတာလဲ!!!!!*
*မင်နယ်စပ်ဂိတ်ကိုရောက်မှ ကျတော်မျိုးတို့သိရတာပါ
ခြေမြန်တော်လည်းမလွတ်ခဲ့ပါဘူး အဲ့တာတွေ​ကြောင့်...*
*တော်စမ်း ဆင်ခြေတွေထပ်လာမပေးနဲ့တော့
အခုချက်ချင်း အဲ့ဒီကို လိုက်သွားပြီး
အချိန်ဆွဲထားကြ မနက်ဖြန်မနက်မှ
ဒီနန်းတော်ကိုခြေချပစေ...ကြားလား*
*အရှင့် အမိန့်တော်အတိုင်းပါ*
^^မင်မင်းကြီးခြေလှမ်းတို့သည် တစ်နေရာသို့
ပြေးမတတ်သွားနေကာ ထိုသီတင်းအား
ပြောပြရန်ဇောကပ်နေတော့၏...^^
သိူ့သော်....တစ်ခဏအတွင်း
ပြန်တွေးမိရင်း သူပြန်ငြိမ်သက်သွား၏။
နောက်ငါးရက်ကြာလျှင် အကျဥ်းချုံး
လက်ထပ်ခြင်းအားပြင်ဆင်ထားကြောင်းကို
ဘေးနိုင်ငံတွေအားအသိမပေးထါးရသည်မို့
သူလည်းမသိနိုင်လောက်ပါ
ကျစ် ဘာလဲသီတငိးပေါက်ကြားသွားလို့လား
မဖြစိနိုင် အကယ်၍ဒီအကြောင်း သူသိထားရင်တောင်
ကျန့်ကို မမှတ်မိထားသည်မို့ ဘယ်လိုမှမဖြစ်နိုင်
ကြည့်ရတာ သူ့အမတော်အား
ကျန့်အကိုတော်ဆီ ခေါ်လာပေးခြင်းသာဖြစ်ပါမည်.
.
.
စစကတော့ပူထူစွာ အသိပေးဖို့ပေမယ့်
ကျန့် လန့်သွားမည်စိုးသဖြင့် စကားလုံး
လှလှများဖြင့် ချော့ပြောရင်း
သူတို့တွေရှိနေတုနိး အဆောင်တော်ဆီ
အကိုတော်အား မခေါ်ရန်နှင့် အဆောင်ပြင်
မထွက်ရန်သာမှာပြီးတခြား စကားတွေသာ
ပြောနေမိခဲ့သည်။
ကျန့်နေနေသော အဆောင်သည်
နန်းတွင်းထဲရှိ သဘာဝတောအုပ်လေးပမာ
စိမ်းစိုသော တစ်ခုတည်းသောအဆောင်လေးသာ
အဆောင်၏ အမည်နာမမှာ **သဘာဝစံရာ **
ဟုအမည်တွင်၏
သဘာဝတရား၏ စံမြန်းရာ ထိုအဆောင်ကြီးရှေ
စိမ်းစိုသောအရိပ်ရပင်များရှိကာ မြစိမ်းရောင်
ဝါးရုံတောငယ် နှင့်မြေဖို့ထားသောကျောက်
တောင်ကုန်းအတုများနှင့် ရေတံခွန်ငယ်များ၏
ရေစီးသံ...ရေကန် ရွတ်စိမ်းရောင် ကြာကန်
စိမ်းစိုအုပ်မှိုင်းသာယာလှပစွာသဘာဝသစ်ပင် ပန်းပင်များနှင့် သဘာဝဆန်ဆန်
တည်ရှိနေသော အဆောင်ကြီးသည်
နန်းတော်၏ မြောက်ဘက်ခြမ်းတွင်
ဧကနှင့်ကြီးကျယ်ကာ တည်ရှိနေခဲ့၏။
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now