အပိုင်း။၅၃။မင်းမျက်နာတစ်ကမ္ဘာ

8.5K 1K 173
                                    

##ဆောင်းမနက်ခင်းဟာ
သိပ်အေးမှန်း သိပေမယ့်
အခုလောက်ထိအေးမယ်မှန်းကတော့ မမှန်းဆခဲ့ဖူးချေ

တောတောင်၏
လူခေါင်လွန်းတဲ့နေရာမှ
မနက် ၆နာရီသည် ညသန်းခေါင်အလား မှောင်မိုက်လို့နေခဲ့သည်။##

ညကထဲက သူပုဇွန်ကင်
ထပ်စားမည်ပြောထားသဖြင့်

တဲနောက်ဘက်က
ဟိုကောင်လေးပေးထါးသော
ကျောက်ထွင်းခွက်ထဲမှ
ပုဇွန်တစ်ချို့အားသွားနှိုက်ကာ
ရေနွေးတည်ရင်း မီးတချို့ဆွဲထုတ်ကာဘေးတွင်
ကင်ဖို့လုပ်ရတော့၏

ရေနွေးတည်ပြီးရင်
စိုက်ခင်းထဲကခူးလာသော
အသီးတချို့က
မလောင်ဌတော့သည်မို့
ထပ်မံသွားခူးကာ
မနက်ခင်ပြင်ပေးရတော့မည်သာ

သူအိပ်ကောင်းနေသည်မို့
မနိုးရက်တော့ပါ

ထိုကြောင့်သူအိပ်ပျော်နေတုန်း
ခပ်မြန်မြန် လုပ်စရာရှိတာတွေ
လုပ်ထားလိုက်သည်။

ပုဇွန်တွေကိုလည်းကင်ပြီးပြီမို့
အရွက်နဲ့ထုတ်ပိုးကာ
အခန်းထဲက မီးဖိုလေးဘေး
မအေးသွားအောင် ကပ်၍ချထား
ပေးလိုက်မိသည်။

နိုးလာရင်မင်းစားဖို့ကိုယ်အဆင်သင့်
လုပ်ပေးခဲ့ပြီးပြီ

အပြင်မှာဘယ်လောက်
အေးအေးပါ လေလုံသော
အခန်းလေးရယ်ကောက်ရိုးတုံး
ကြမ်းခင်းရယ်ခပ်လှမ်းလှမ်း က
မီးဖိုလေးရယ်ကြောင့်
နွေးထွေးလို့နေခဲ့၏

ထိုစဥ် ဝါးလှောင်အိမ်လေးထဲမှ
ယုန်ဖြူသည် လှုပ်နိုးလာခဲ့သည်။

"မင်းနိုးနေပြီလား ဖြူဖွေး
ရော့ ဥနီဝါးထား
မင်းသခင်မနိုးသေးတော့
မင်းလည်းဒါလေးစားထားပြီး
ပြန်အိပ်ထား
အဲ့တာဆိုငါအခုစိုက်ခင်းဘက်
သွားရင်မင်းအတွက်ဥနီ ခူးခဲ့ပေးမယ်"

"#တဂျွတ်ဂျွတ်နဲ့ အသီးဝါးကာ
စားနေသူလေး မုန်လာဥတစ်လုံး
ကုန်တော့ ပြန်အိပ်လိုက်၏"#

"လိမ္မာတယ် ဒါဆိုမင်းသခင်နဲ့
အတူတူအိပ်နှင့်ခဲ့တော့
ငါသွားအုံးမယ်။"

အိမ်တံခါးအားပိတ်ကာ
အသစ်ခူးဖို့ ချင်းကြီးကြီးအား
ယူကာထွက်သွားသူ

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now