12.8K 1.6K 261
ဒီမနက်ပိုင်းက ဆွေးနွေးချက်တွေမရှိသော
နန်းပြင်ထွက်ပြီး လေ့လာခွင့်
လည်ပတ်ခွင့်ရှိသောအားလတ်ရက်မို့
မင်းတွေ မိဖုရား တွေက
သာမန်အဝတ်စားတွေနဲ့
ဝမ်ပြည်၏ အလှတရားတွေရှိရာနေရာတွေ
စျေးတွေ လူစည်ကားတဲ့နေရာတွေကိ​​ု
လေ့လာဖို့လှည့်လည်ကြ၏...
.
.
.
ဒီအခွင့်ရေးကို အသူံးချကာ
အကိုတော်နှင့်တွေ့ရမည်ဖြစ်သော​ကြောင့်
ထို့ကြောင့်
ကျတော်တို့သည်လည်း နန်းပြင်ထွက်လာခဲ့ကြ၏။
နန်းတော်က လူတွေ မရှိသော
ဒီလိုအပြင်ထွက်တွေ့ခြင်းက
သံသယကင်းနိုင်တာမို့
မင် ကိုယ်ရံတော်များ ခြံရံကာ
မင်းကြီးနှင့်အတူ အကို့ဆီ
သွားရန် စိတ်တွေစစထဲကရှိနေခဲ့၏။
စျေးလမ်းအတိုင်းလမ်းလျှောက်၍သာ
လာခဲ့သည် မို့ စည်ကားနေသော
စျေးအားပြန်လည်ထိတွေ့ခွင့်ရခဲ့သည်။
အရင်ကဆို ညနေနေအေးရင်
မမနဲ့ထွက်ကာ.. လမ်းထောင့်နားက
ဖက်ထုတ်စား၏...
သကြားမုန့်တွေဝယ်ကာ..
ဂုန်းတံတားလေး ပေါ် မမနဲ့သွားထိုင်ရင်း
မုန့်စားလိုက် စကားပြောလိုက်နှင့်
ခပ်လှမ်းလှမ်း တွင်ရှိသောချယ်ရီပင်ကြီးဆီက
လွင့်လာသောချယ်ရီပွင့်ကြွေတွေရဲ့အရိပ်အောက်
ပျော်ရွင်စွာ တစ်ညနေအားကုန်ဆုံးခဲ့၏
အိမ်တော်ကလူတွေနဲ့အတူတူစားရန်
အပြန် ဒေါ်လေးယ်ို့ ဆီက
ပေါက်စီသေးသေးလေးတွေနဲ့
ကြက်ပေါင်းခေါက်ဆွဲဝယ်ရင်း
ပျော်ပျော်ရွင်ရွင် နဲ့သာ အိမ်တော်သို့
ပြန်လာခဲ့ကြ၏။
.
.
.
အိမ်တော်ရှိရာအရပ်သည်
အမူ့ထမ်း အရာခံတွေ
အတွက် သီးသန်းဆန်သော ရပ်ကွက်တွင်
အိမ်တော်က တညိရှိသည်မို့
တိတ်ဆိတ်လွန်းလှ၏။
အိမ်တော်တွေတိုင်းကလည်း တံခါးတွေပိတ်
အစောင့်တွေနဲ့ စည်းကမ်းတင်းကျပ်လွန်းလှသည်မို့
ရပ်ကွက်တစ်လျှောက် လူရိပ်လူခြေတောင်မရှိခဲ့ချေ။
ထောင့်ကျလှသော...ခြံဝန်းကျယ်ကြီးနှင့်
မြင့်မာသော ကျောက်အုပ်နံရံတွေကို
မြင်လိုက်သည်နှင့်အိမ်လွမ်းစိတ်တို့က အဆမတန်
ပေါ်ပေါက်လာမိသလို....
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now