အပိုင်း။၅၁။အနိုင်လိုအပ်နေသူလေး

9K 1.1K 149
                                    

ကြက်ခြံထဲမှ
ကြက်ဥတွေကောက်အပြီး
တစ်ခဏ ကြာသည်အထိ
သူသည်ဆင်းသွားသော
တောင်စောင်းမှအခုထိတတ်မလာခဲ့သေးချေ

ထိုကြောင့်အနီးနားက
သစ်ပင်တစ်ပင်နားတွင်
ဥချင်းပိုက်ကာ သူ့အားစောင့်နေမိခဲ့သည်။

##ဘဝမှာဒီလိုတွေဖြစ်လာမယ်လို့
တစ်ခါမှ မတွေးခဲ့ဖူးပါ

မျက်လှည့်လိုတစ်ခဏအတွင်း
သူကဘယ်သူလဲဆိုတာကို သိခဲ့ရပြီး
ေနာက် ခဏလေးမှာပင်ဒီလိုလွန်ဆန်၍
မရသော အခြေနေတစ်ခုသို့ရောက်ရှိခဲ့ရ၏

ထပ်၍ မျက်လှည့်ဆန်ခြင်းတွေနဲ့
ဘဝအား ရှေ့ဆက်ရတော့မည်သာ...

သူဒီကလွတ်လမ်းတစ်ခုခု
အမြန်ဆုံးရှာတွေ့ပါစေဟုဆုတောင်း
နေမိသည်။

အဘယ်ကြောင့်ဆို
ခလေးမီးဖွားဖို့ က မကြာသော
လများတွင်ရောက်ရှိလာတော့
မည်မဟုတ်ပါလား

ဒီကိုယ်ဝန်စရှိကထဲက
သူ့ကိုအရမ်းတွယ်တာနေမိတာက
ဟိုးစစထဲကသာ

ဒီခလေးကသူ့ရဲ့ရင်ငွေ့ဖြစ်တည်မူ့တွေကို
လိုအပ်နေသည်မှာ ထူးဆန်းလှ၏

တခြားမကြည့်နှင့် အရင်က
အစားတစ်ခုဝင်ဖို့ ၃ ခါလောက်အန်ပြီးမှ
စားလို့ရပေမယ့် အခု အစားဆင်းရဲနေသည့်ကာလမှာပင်
စားရသောက်ရအဆင်ပြေနေ၏

ပြီးအမြဲ မူးဝေနေတတ်သောခေါင်းသည်လည်း
ဒီရောက်လာကထဲက ကြက်ပျောက်ဌက်ပျောက်

ဒီခလေးက အရမ်း ဟိုလူ့အပေါ်
ဘက်လိုက်လွန်း၏

"မင်းက မယ်မယ့်ကိုအရမ်းဒုက္ခပေးပြီး
ဟိုလူကိုကြ မမွေးခင်ကထဲက
သိတတ်နေလိုက်တာ အစွမ်းကုန်ပဲ
မင်းမယ်မယ့်ကိုပဲချစ်ရမယ်ကြားလား
ဟိုလူကလူဆိုးကောင်
သူကမကောင်းဘူး ဒါကြောင့်
မယ်မယ့်ဗိုက်ထဲနွေးနွေးထွေးထွေး
နေပြီး မယ်မယ့်ကိုပဲချစ်ပေးရမယ်ကြားလား ဒါဆို မယ်မယ်မင်းခလေး
စားချင်တာတွေ.ကျွေးမှာ...
လိမ္မာနော်ခလေးလေး"

"ဟက်...
ကိုယ်ပြန်ရောက်လာသည်ကိုမသိ
ဗိုက်လေးပွတ်ကာ ခလေးကို
မဟုတ်တာတွေပြောနေသူလေး
ကိုယ့်ကိုလည်းမြင်ရော သူခိုးလူမိဖြစ်သွားပြီလေ ဒီတော့ မျက်နာလေးကရဲတတ်လာရော.....
သူထိုင်နေသောအပင်ဘေး
မုဆိုးဒူးထောက် ထိုင်လိုက်ကာ
ပူနေပြီဖြစ်သော ဗိုက်လေးအပေါ်
လက်တင်ရင်း"

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now