13.1K 1.4K 224
*ကျွတ်!!! အ့!!!!*
အဖျားတွေကြီးထားသူလေး
အဖျားကျသွားပြီမို့
ခေါင်းတွေမူးနှောက်ကာ
အသိစိတ်များပြန်ကပ်လာခဲ့၏
ယနေ့သည် ဖျားနာခဲ့သော
၅ရက်မြောက်နေ့တွင်သာ ဖြစ်၏။
*ကျန့် နိုးလာပြီလားဟင်*
မင်ရှင်ဘုရင်သည်လည်း
နန်းရေးသဘင်ပြီးနှင့်
ဒီနေရာတွင်သာ အမြဲရှိနေတတ်သည်မို့
နိုးလာသည် နှင့် သူတန်းသိခွင့်ရခဲ့သည်။
*ကျ ကျတော် ဟင်!!!!!!!*
ရုတ်တရက် သူ့နုတ်မှထွက်လာသော
စကားသံတစ်ချို့ကြောင့် သူကိုယ်တိုင် ပင်
လန့်ဖျန့်သွားခဲ့ရ၏။
သွေးကြောင်နေသော ကိုယ်လုံးနုနုလေး၏
ပုခုံးသားလေးအား အားပေးသလိုဆုတ်ကိုင်ရင်း
သူ့မျက်လုံးများအား တည့်တည့်ကြည့်ကာ
*ကံတရားကမင်းရဲ့
အတိတ်က အရိပ်တွေကနေ.
မင်းကိုလွတ်မြောက်စေလိုက်ပြီ
ကိုယ်မင်းအတွက် ဂုဏ်ယူပါတယ် ကျန့်လေး
အခုကစပြီး မင်းဟာသာမန်လူတစ်ယောက်လို
ပြောဆို ရင်းနှီးခွင့်ရပြီ
အရင်ကလို မပြည့်စုံသူလေးမဟုတ်တော့ဘူး
ဒီတော့ မင်းပျော်ရမယ်နော်...
ကိုယ်ပြောတာနားလည်တယ်ဟုတ်*
*ကျ ကျတော် *
အခုလောလောဆယ်
ဘာစကားမှပြော၍မနိုင်လောက်အောင်
သူအရမ်းစိတ်လှုပ်ရှားနေမိသည်။
*အခုနေလည်းကောင်းနေပြီဆိုတော့
ကိုယ်နဲ့တူတူ နန်းရေးသဘင်ကို
လိုက်ခဲ့လေ.... မင်းအသစ်ဆန်းတစ်ခုနဲ့
ထိတွေ့ခွင့်ရရင် ခဏတော့ စိတ်သက်သာရာ
ရမှာပါ။
ကိုယ်ဝတ်တိုက်ထားဖို့လူတွေလွတ်ပေးလိုက်မယ်
ပြီးရင် အပြင်ထွက်ခဲ့ပေးနော်*
သူစိတ်တခြားရောက်အောင်
အပြင်ခေါ်ထုတ်ဖိူ့လုပ်နေသူ
*ဟုတ် ဟုတ်ကဲ့ပါ မင်းကြီး *
မင်မင်းမြတ်နားမှာနေရင်
စိတ်တွေကအမြဲလိုလိုအားဖြစ်နေကာ
ပျော်ရွငိနေမိသည်။
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now