9.7K 1.1K 219
"မယ်မယ် အဆောင်ပြန်နားလိုက်ပါ
အရှင်က သတိရဖို့မသေချာသေးပါဘူး"
ကိုယ်ဝန်နေ့စေ့လစေ့နှင့် စိတ်ပင်ပန်း
လူပင်ပန်းခံနေရသော မယ်မယ်အား
ကြည့်ပြီးသမားတော်များပင်
ရင်ထဲမကောင်းဖြစ်နေရ၏
တောထဲမှခက်ခဲစွာ သယ်ယူလို့
အပြီး အသက်ကို လက်မတင်လေး
ကယ်တင်နိုင်ခဲ့ကာ
ဆေးဝါးကုသရာတွင်
အဆင်ပြေစေဖို့ချက်ခြင်း
နန်းတော်သို့ဝင်ရောက်ဖို့ရူန်းကန်
ခဲ့ရ၏။
အရှင့်ရဲ့ ထိခိုက်မူ့တွေက
များလွန်းတာမို့ သက်သာဖို့
အတော်ကြိုးစားယူရအုံးမည်
ထပ်၍ အသက် အန္တာ ရယ် လည်း
ရှိလာနိုင်သေး၏။
ဒါကိုမယ်မယ်ကလည်းနားလည်နေ၏
နေ့ည အရှင့်အဆောင်တွင်သာ
အအိပ်ပျက်
အစားပျက်အပင်ပန်းခံကာ
အရှင်နိုးလာမည့်အချိန်ကိုစောင့်
နေရှာ၏
မည်သူကမှလည်း မယ်မယ့်ကို
နားဝင်အောင်ပြောမရချေ...
အချိန်တော်တော်များများ
မျက်ရည်တွေကျနေရင်းသာ
ကုန်လွန်နေခဲ့၏
မယ်မယ်မ​ပြောလည်းသိပါ၏
ထိုမျက်ရည်တွေသည် နောင်တတရား
ကြောင့်ကျနေခြင်းများ
မယ်မယ်အရှင့်အပေါ် အနိုင်ယူခြင်း
ထက်ပိုသော ဝန်များပေးခဲ့သည့်
အပေါ် မိမိကိုယ်ကိုမိမိ ယူကျုံးမရ
ဖြစ်နေကာ မငြိမ်းသောဒေါသများ
နှင့် မိမိကိုယ်ကိုယ်ကိုမိမိ အပြစ်ပေး
နေခဲ့၏
ဒီဝေဒနါက အရမ်းခံစားရတာပါ
ဒီဝေဒနါကိုခံစားဖူးသူမှ
ဒီဝေဒနါ၏ ပြင်းထန်ပုံကိုနားလည်
ပေးနိုင်မည်သာ
စိတ်ရောလူရောပင်ပန်းနေသော
မယ်မယ်သည် ပို၍ပင်ပိန်လာခ့ဲ၏
ဒီပုံစံ တိုင်းဆက်သွားရင်
မယ်မယ် ရင်သွေးရတနာကို
အန္တာရယ် ကင်းစွာ မွေးဖွားနိုင်ဖို့
ခက်ခဲမည်သာ...။
ထိုကြောင့်မယ်မယ့်စိတ်ကို
ဖြေဖြောင့်ဖို့
နန်းတွင်းဘုန်းတော်ကြီး များ၏
တရားချသံများ အလင်းပေး
ဆုံးမမှု့များ လောကနိယာမ အမုန်းတရားတွေ ၏ ဆိုးကျိုးများ
စွဲလမ်းခြင်းများ၏ ပူပင်မူ့များ
မိမိကိုယ်ကိုမိမိ ပြစ်တင်ခြင်းများ
လျှော့ပါးလာအောင် တရားပေး
တရားပြနေပေမယ့်
မယ်မယ်ကတော့ သူရှေ့တွင်
သတိမေ့နေသောလူ လှုပ်ရှားလာမှသာ
သံဝေဂတရားများရင်ဝယ်
ပိုက်နိုင်ဖွယ်ရှိနေ၏။
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now