အပိုင်း။၄၁။မင်းအတွက်စေကျွန်အဖြစ်

9.5K 1.3K 200
                                    


"" အလွမ်းတဲ့

အဖြေက တစ်လုံးထဲရယ်

ဒါပေမဲ့ သိပ်ကိုဖြေဆေးမဲ့လွန်းတယ်...""

ခပ်တိုတို "အလွမ်း" ဆိုတဲ့ အက္ခရာ က
တကယ်တော့ ရှည်လွန်းလှတဲ့သံသယာမှစ၍
ဘဝတစ်ခုရဲ့အဆုံးသတ်ရက်တွေအထိ
သူပိုင်စိုးထားတတ်သည်

ဒီအချိန်မှာ ဘာဖြစ်ချင်တာလဲ မေးရင်
သူ့ကိုအရမ်းတွေ့ချင်သည်

ဘာက်ိုအလိုအပ်ဆုံးလဲဆိုသူ့ကိုသာ

၁လရှိခဲ့ပြီနော် ရှောင်ကျန့်

မင်းကိုယ့်အနားကထွက်သွားခဲ့တာ
၁လရှိခဲ့ပြီ။

ဆောင်းလည်းဦးပြီ
ရေအေးတွေလည်း တိုက်ခပ်နေပြီ
အပင်အိုတစ်ချို့ အရွက်တွေမရှိတော့ပြီ...

နန်းပြင်မှာမင်းပျော်နေရဲ့လား...

ကိုယ်နဲ့ဝေး ရာမှာ မင်းနေကောင်းရဲ့လား....

ထမင်းရောပုံမှန်စားရဲ့လား.......

ခလေးလေးရောအဆင်ပြေရဲ့လား.....

ဒီညက လသာတယ်နော်....

ကြာနီကန်ရဲ့ မင်းနဲ့ကိုယ်
တွေ့ဆုံနေကြ အဆောင်လေးမှာ
ကိုယ်အခုရောက်နေတယ်

မင်းကိုယ်သင်းရနံမပြယ်သေးတဲ့
ခြုံပဝါလေးက အခုထက်ထိ လတ်ဆက်နေဆဲပဲ

ညကောင်လေးတွေရဲ့အော်မြည်သံတွေကို
အရမ်းကြိုက်တဲ့ မင်း

မင်းအရမ်းချစ်တဲ့
သူတို့ မင်းအတွက် အော်မြည်နေဆဲပဲ

မင်းမရှိတဲ့နောက်ပိုင်း
နေ့ရောညပါ တိုင်းပြည် ရေးထဲ
ခေါင်းနစ်ထားပြီး မင်းကို သတိမရအောင်
ကိုယ်အလုပ်တွေလုပ်နေခဲ့မိတယ်

မခံစားနိုင်တော့ ရင်
ဒီနေရာမှာ မင်းကိုလာလွမ်းလိုက်ရတော့တယ်

ကိုယ်မင်းကို အရမ်းသတိရတာပဲ
ရှောင်ကျန့်ရယ်....ကိုယ်လေ ကိုယ်

""သူငိုကြွေးနေပြန်၏

သူနာကျင်နေပြန်၏

သူ့ ရင်ထဲအဆိပ်တတ်နေပြန်၏။""

===

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now