အပိုင်း။၆။ဒဏ်ရာများဖြစ်သောသူ

13.8K 1.2K 140
                                    


*အခြေနေဘယ်လိုလဲ သမားတော်ကြီး*

စိုးရိမ်စိတ်တွေဝေနေပါသော
ရှောင်ကျန်၏ ယောက္ခမတော်
ဘုရင်မင်းမြတ်

*နည်းနည်းသက်သာလာပါပြီ
အရှင်မင်းကြီး *

*ဟူးးး တော်သေးတာပေါ့
ကျန့်လေး အဖျားမကျတာ သုံးရက်လောက်
ရှိနေပြီမို့ ငါကိုယ်တော်စိတ်ပူနေတာ..*
...

အခုမှ သက်မ ချနိုင်သူ
သူသည် ရှောင်ကျန့်လေးအား
သူ၏ သားငယ်တစ်ယောက်လိုချစ်ရှာ၏

*ဘယ်မှာလဲ မင်းတို့ အိမ်ရှေ့စံ*

*အိမ် အိမ်ရှေ့စံ
အခု ......*

*မြန်မြန်ပြောစမ်း*

*အိမ်ရှေ့စံ ကိုယ်လုပ်တော်မီ အဆောင်မှာပါ*

*ဘာ!!!! သွားခေါ်
သွားးး !!!!*

ဒေါသတွေ ထွက်နေပါသော
မင်းတရားကြီးကြောင့်
ပြေးထွက်သွားကြသူများ

အိမ်ရှေ့စံသည်
ကြင်ယာတော် အိပ်ယာထဲလှဲသည်ထဲက
တစ်ခါမှလာမတွေ့ကာ သီတင်းလည်း
လာမမေးခဲ့

မသိသလိုဟန်ဆောင် သူနှင့်မဆိုင်သလို နေကာ
အဆောင်တော်ပင်ပြန်မလာခဲ့ပါ။

===

*ဘာကိစ္စလဲ

ဘာလာလုပ်တာလဲ*

ကိုယ်လုပ်တော်မီ၏ အမူ့ထမ်းများ ၏
ရင့်သီးသောစကားများ

*မင်းတရားကြီး
အိမ်ရှေ့စံ ကိုအခေါ်လွတ်ကြောင်းပါ*

*ဟင်!!!*

မင်းကြီးဆိုသည့်အသံလည်းကြားရော
ချက်ခြင်းပြေးဝင်သွားကာ
အိမ်ရှေ့စံအားအသိပေးကြ၏။

ယိုင်တိုင်တိုင် နဲ့ထွက်လာသော
အိမ်ရှေ့စံ

ကြင်ယာတော်က သေမလိုဖြစ်ပြီး
အိပ်ယာထဲလှဲနေချိန် အိမ်ရှေ့စံကတော့
မူးယစ်သောက်စားနေလေခဲ့သည်။

*ရတယ် မတွဲနဲ့ ငါလမ်းလျှောက်နိုင်တယ်*

တွဲပေးသောလူများအားပုတ်ထုတ်ကာ
လိုက်ပါလာသော အိမ်ရှေ့စံ

ဒီသုံးရက်လုံးလုံး နေနိုင်လိုက်တာ
အိမ်ရှေ့စံရယ်....

ကြင်ယာတော်လေး၏ အမူ့ထမ်းများ
ဝမ်းနည်းနေမိခဲ့သည်။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now