အပိုင်း။၃၆။သမီးတော်ယူသောည/သမီးေတာ္ယူေသာည

13.7K 1.4K 186
                                    

မင်းကြီးရဲ့ အစီစဥ်ကတစ်ညထဲနဲ့
ဖြစ်တည်လာရတာမို့ နန်းတော်တွင်
ထိုတစ်ညလုံး ပျာယာခပ်နေကြရ၏

ကြင်ယာတော် အသစ်ဆီ
မင်းကြီးညွှန်ကြားထားသော
လက်ဆောင်များအားစောစောသွားအပ်ကာ

မနက်ဖြန်မှာ ကျရောက်လာမည့်
ဘွဲ့တော်နေ့အား ပြင်ဆင်ရတော့၏

ဘွဲ့တော်နေ့အခမ်းအနားအား
မဂ်လာအခမ်းအနားတစ်ခု ပုံစံ
တစ်ညလုံး ပြင်ဆင်ခြယ်သရင်း
နေသည် အရှေ့အရပ်မှာ
ထွက်ပေါ်လာလေတော့၏။

ညကတာဝန်ယူထားကြသူများ
တသုတ်နားကာ နောက်ထပ်တစ်သုတ်က
အခန်းအနား ဧည့်ခံကျွေးမွေးခြင်းနှင့်
တတ်ရောက်လာမည့် မှူးမတ်ဗိုလ်ပါများအား
နေရာချထားပေးခြင်းများအတွက်
စတင်လှုပ်ရှားလို့နေခဲ့ပြန်၏

နန်းတွင်းသမိုင်းတွင် အလုပ်အရူတ်ဆုံး
ရင်ခုန်ပျော်ရွင်ရဆုံးနေ့က ဒီနေ့သာ

ရင်ပြင်တစ်ခုလုံးနီရဲတောက်ကာ
အနီရောင်လိုက်ကာစများ

အနီရောင် အခင်းအကျင်းများ

အနီရောင်ပိုးဖဲများလွမ်းခြုံထားသော
စားပွဲထောင်ချီ များ

အနီရောင်နှင်းဆီပန်းများ ထိုးထားသော
နန်းရင်ပြင်ထက်က မဂ်လာအခမ်းအနား
မျက်နာစာ...

အဖြူရောင်​ဖန်အရက်အိုးများပေါ်က
အနီရောင် တံဆိပ်အမှတ်သားများ

စားဖိုဆောင်မှ ပြင်ဆင်နေသော
ဟင်းမျိုးပေါင်း များစွာနှင့်
မုန့်အချိုများ...

ဖန်ပန်းကန်ထပ်က သစ်သီးဝလံများ

ဟင်းပန်းကန်များအား

အခမ်းအနားဆီ သုတ်ခြေတင်
ယူဆောင်နေကြသော
အမူ့ထမ်းများ။

သူတို့အားလုံး ၏မျက်နာများသည်
ချိူမြလို့နေခဲ့၏

နန်းရင်ပြင်ထက် ပွဲအခမ်းအနားတွင်လည်း
နိုင်ငံအတွင်း ထူးချွန်ပြောင်မြှောက်လှသော
ဆေးရေးပန်းချီဆရာများကလည်း
အခမ်းအနားအား စတင်ရေးဆွဲမှတ်တမ်း
တင်လို့နေခဲ့ပြီ။

အတော်ဆုံး အမြန်ရေးဆွဲနိုင်ဆုံးဆေးပန်းချီ
ပညာရှင်များကလည်း ဘွဲ့တော်ပေးအပ်ခြင်း
အခမ်းးအနားမှ အရှင်နှင့်မိဖုရားအားပုံတူဆွဲရန်
အဆင်သင့်ဖြစ်လို့နေခဲ့ကြလေပြီ။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now