အပိုင်း။၅၀။မင်းအနားရှိသောနေ့ရက်

8.8K 1.1K 138
                                    

အေးစက်နေသောလေအေးတွေ
မဲမှောင်နေသောတောထဲပြေးဝှေ့လို့နေခဲ့၏

အလင်းရောင်မရှိသေးသော
မနက်သုံးနာရီ၊ လူစိမ်းတွေကြား
ရောက်နေသော သူတို့နစ် ယောက်

တော်တော်ကိုနက်ရှိုင်းသော
တောအတွင်းဘက် ကို
ဝင်သွားရသည့်အပြင်
ကွေ့ဝိုက်ကြီးငယ်ခက်ခဲစွာသွားယူရသော
တောလမ်းမရှိလမ်းများ
လမ်းရှိရင်လူတွေရှိနိုင်မှန်း
ရိပ်စားနိုင်သဖြင့်လမ်းမရှိ အမှတ်သား
မရှိသောနေရာများ

တောင်ပေါ်ကိုထပ်တတ်ရပြီး
အုပ်မှိုင်းအေးစက်နေသော စခန်းအား
မနက်နေထွက်ခါနီးမှရောက်လာခဲ့ရ၏

သဲအိမ်ပုံစံအိမ်ငယ်များ
မီးပုံများနှင့် နိုးနေကြပြီဖြစ်သော
သူပုန်တချို့နှင့်စခန်းကင်းစောင့်ကြသူများ

"ငါ့နောက်လိုက်ခဲ့"

ယော့ဟုခေါ်သောထိုလူသည်
ကိုယ်တို့နစ် ​ယောက်အား
စခန်း၏ အနောက်ဘက် ရှိ
ချက်ပြုတ်ရမည့်နေရာဘက်ခေါ်လာခဲ့၏

"ဒါကမြက်ခြောက်တွေသိမ်းတဲ့
တဲ ဒီမှာ မင်းတို့နေရာမယ်
မြက်တွေကိုတော့ အပြင်မှာအရိပ်တစ်ခုလုပ်ပြီးထားလိုက်
..... နောက်ရက်တွေကျရင်
မနက် စောစောထပြီးတောင်စောင်းက
ဟင်းသီးဟင်းရွက်တွေခူးပြီး ချက်ဖို့စီမံရမယ်
ဒီမှာဆန်ကအလုံလောက်မရှိလို့
ပြောင်းဆန်ကိုရောစားရမယ်
ဒါကြောင့် ဆန်သက်သက်မချက်မိစေနဲ့
ကြားလား
.....
အခုတော့ မင်းလူလည်းကိုယ်ဝန်ကြီးနဲ့
နားချင်နေလောက်တော့မယ်

နေဖို့အရင်လုပ်လိုက် ပြီး ရော့..ဒါက
ဆေးအရက် မင်းအနားကိုထည့်လိုက်"

"ကျေးဇူးပါ အကိုယော့"

"မလိုဘူးရတယ် "

မှာစရာရှိတာများမှာကာ
ထွက်သွားပြီဖြစ်သော ထိုလူ

သူသည်စိတ်ကောင်းရှိသူဟု
ပြောလို့ရ၏။

အရင် မြက်ခြောက်တချို့အား
ထုတ်ကာ ရှောင်ကျန့်ထိုင်လို့ရအောင်
အရင်လုပ်ပေးမိ၏

"လာ
ကျန့် ဒီမှာထိုင်လိုက်"

လက်အားဆွဲကာ ထိုနေရာအား
ခေါ်သွားသူ

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now