"သခင်လေး
ဒီနေ့အပြင်မထွက်ဘူးလားဟင်""အာ....အကို
နည်းနည်း အေးနေလို့ပါ""ဟုတ်ကဲ့ သခင်လေး"
မဟုတ်ပါ ဒီနေ့အရင်နေ့တွေထက်
နေသာပါသည်
ဒါကိုဘာလို့အပြင်မထွက်တာလဲမသိ..အခုအရှင်ကလည်း မှ်ိုရတဲ့မျက်နာနဲ့
မနေ့ကလည်းပျော်နေသည်မှာအရမ်းသိချင်နေသည်မှာတပိုင်းသေနေပေမယ့်
အရှင်က
မပြောပြဖို့က ခပ်များများရယ်မို့
အစ်အောင့်သည်းခံထားခဲ့ရ၏။"သခင်လေး"
"ဟင်"
အခုပဲစကားပြောနေရင်း
ခေါ်လိုက်တာ အခုအတွေးလွန်နေတဲ့
လေသံနဲ့ပြန်ထူးနေပြသူလေး"ထမင်းမစားသေးဘူးလား သခင်လေး"
"စား စားရတော့မှာလား"
"အခုက နေ့လည်ရောက်နေပြီမို့
စားလိုက်တော့လေ
ကိုယ်ဝန်ဆောင်က အစားနောက်ကျရင်
မကောင်းဘူး""အင်း အင်း အဲ့တာဆို
ပြင်လိုက်တော့လေ""ဟုတ်ကဲ့သခင်လေး"
သူကြိုက်တတ်သော
အစားစာလေးတွေ ပြင်ဆင်ပြီး
သေသေချာချာ ကျွေးနေသည်ကိုပင်
သိပ်မစားချင်သူလေး"သခင်လေး စားမကောင်းလို့လားဟင်"
"ကောင်းပါတယ် အကို
စားရတာ နည်းနည်း
ဟို....စိတ်ထဲကစားချင်နေတာ
တခြားမို့ စိတ်ထဲစားမပျော်လို့ ချင်ချင်""သခင်လေးက ဘာစားချင်လို့လဲဟင်"
"ဇီး.....ဟင်အင်း
ဘာရယ်မဟုတ်ပါဘူး
ဒီအတိုင်း အိမ်မှာမရှိတာကို
စားချင်နေတာ...""အိမ်မှာမရှိရင်
ချင်ချင် စျေးထဲ သွားဝယ်ပေးမယ်လေ""အကိုမနေ့က ကသွားရှာပြီးပြီ
မရှိဘူး ""ဟုတ်လား"
"အင်းး ဒါဆို သိမ်းလိုက်တော့နော်
ချင်ချင်
အကိုခဏသွားအိပ်လ်ိုက်အုံးမယ်""ဟုတ် သခင်လေး"
တဖန် အိပ်ယာပေါ်သို့ပြန်အိပ်ဖို့
တတ်သွားပြန်သူ
YOU ARE READING
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Historical Fictionအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..