15.2K 1.3K 180
အနားသို့တဖြည်းဖြည်းတိုးလာသူ၏
ခြေလှမ်းတို့အား
ခေါင်းရင်းဝါးရုံတောမှဝါးရွတ်သံတို့၏ လေတိုးသံတို့သည်
မကြားရအောင်ကူညီနေသည့်အလား
.ကျယ်လောင်စွာမြည်ဟီးနေတော့၏။
သို့ပေမယ့် နားပါးလှသော မျောက်ငယ်လေးသည်
သူအိပ်စက်ရာနေရာနားမရောက်တစ်ရောက်တွင်
လျှင်ခနဲနိုးလာကာ သူ့အားစတိုက်ခိုက်ဖို့ပြင်လေ
တော့၏....
သို့ပေမယ့် လူသားတစ်ယောက် ပြီး
လျှင်မြန်သောမင်းတစ်ပါးဖြစ်သင့်အလား
ဓားအိမ်ဖြင့် ဇက်ပိုးအား ခပ်စပ်စပ်ရိုက်လိုက်ရုံနဲ့
ပင် ထိုမျောက်ငယ် သတိလစ်သွားလေတော့၏
***သခင်အိပ်တာနိုးမှာစိုးလို့
အသံတောင်မထွက်ပါလား
တည်လည်းသိပ်သိတတ်ကြတဲ့
သစ္စာရှင်ကြီးတွေပဲ ဟက်***
မေ့မျောနေသော မျောက်ငယ်အား
ကြည့်ကာ စကားဆိုနေသောသူ
ပြန်အကြည့်လွှဲကာ အိပ်ပျော်နေသော
မျက်နာလေးရှိရာဆီ ငုံ့ဆင်းသွားသော
ထိုလူစိမ်း၏ အမူယာဟန်ပန်သည်
အေးစက်နေ၏
ရုတ်တရက် နုတ်ခမ်းပါးဆီက
ဆစ်ခနဲလာကျင်လာမူ့ကြောင့်
အိပ်ယာမှနိုးလာသူလေး...
နုတ်ခမ်းပါးမှ သွေးများယိုစိမ့်လာတာကိုလည်း
ညအိပ် မီးပုံးငယ်လေး၏ ရောင်ဝါမှ
ခပ်မှိန်မှိန် တွေ့မြင်နေခဲ့၏..
ဖိချထားသော ကိုယ်အားအိပ်မှုန်ဒ ဖြစ်နေချိန်
မို့ သေချာမဖြစ်နိုင်သေးသော်လည်း.အားကုန်
ရူန်းကာ တွန်းကန်ရင်း ကုတင်ပေါ်မှ ဆင်းပြေး
ဖို့လုပ်နေသူလေး...
*ဘယ်လိုလဲ ငါကိုယ်တော်ကို
တစ်ပတ်ရိုက်ရတာပျော်ရဲ့လား.... ဟက်*
*ဟင်!!!!!!!!!
..
..
အ..အ..အရှင့်သား.....*
အသံကြောင့် မည်သူမှန်းသိသွားသည်နှင့်
လှိုက်ခါလာသော အသံတွေရယ်
တုန်ရီနေသော ကိုယ်တွေက
အရင်တိုင်း ကြောက်မြဲ ကြောက်ဆဲ
ဖြစ်နေခဲ့ရလေ၏..။
အသိကင်းစင်တိုင်းအမြဲလန့်နေတတ်သည်က
သူ့အတွက်အမြဲလိုလိုသာ
ကိုယ်များတုန်ယင်လာကာ မျက်နာများဖြူဖျော့
လာပြီး မျက်ရည်များရစ်ဝဲလာသူအား
မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now