Butterfly...သီချင်းသံတွေတိုးတိုး
သက်သာစီးမျောနေတဲ့ညတိုင်း
ကိုယ် အိပ်မရခဲ့ဘူး...လိပ်ပြာငယ်..ကိုယ့်ရင်ခွင်လာနားလှည့်ဖို့
ကိုယ့်နူတ်ခမ်းတွေကိုမင်းစားသုံးဖို့
ကိုယ်လေ...အတောင်ပံတဖြတ်ဖြတ်ခတ်နေတဲ့
မင်းကိုသိပ်လိုအပ်တယ် ...လိပ်ပြာငယ်....နှလုံးသားထဲမင်းစိတ်ဝိညာဉ်တွေကို
သိမ်းပိုက်အိပ်စက်ချင်လိုက်တာ
လိပ်ပြာငယ်ရယ်...
ကိုယ့်မှာအရူးလိုပါပဲ......မင်းဘယ်သောင်ကမ်းစပ်ဆီများ
ပျံဝဲသွားရသလဲ....
ဆွေးမြေ့တာထက်....
ကိုယ့်ဟာကိုယ်တိုင်ပျောက်ဆုံးလာတာမို့"Jiminက...ထူးဆန်းတော့...
Jungkook က..အဖြေမထွက်ဖြစ်နေတယ်...."ဆိုတဲ့....မင်းနူတ်ခမ်းပါးလေးတွေကို
ကိုယ် အရှက်တရားမဲ့စွာလိုချင်နေပြီ
Euphoria..ငယ်ရယ်....။Parkjimin...........။
.............
"ကောင်လေး...."
အလုပ်သွားရန်ပစ္စည်းအစုံအလင်နှင့်
အိမ်ထဲမှထွက်လာသော
Uniform အပြည့်နှင့်ကောင်လေးအား
လှမ်းခေါ်လိုက်တော့....
ဖျက်ခနဲပြန်လှည့်ကြည့်လာသည်....။လန်ဒန်လိုနေရာမျိုးတွင်
ကောင်လေး....ဟု ထူးထူးဆန်းဆန်း
အော်ခေါ်သံကြောင့်ဖြစ်နိုင်ပါသည်...။
ပကတိတည်ငြိမ်နေသောမျက်ဝန်းလေးတွေ
ရေပြင်ညီလိုအသံအက်ရှရှလေး...
နောက်သို့လှန်ဖြီးထားသောဆံပင်နက်နက်လေးတွေ
နှင့်သူပထမဆုံးမြင်ဖူးသော
ပုံစံငယ်အသစ်စက်စက်လေးအားကြည့်၍မဝသေးပါ။"ကျတော့်ကိုသိလို့လား......"
သိတယ်...ကိုယ် Jiminပါလို့များ
ပြောမိရင်...ငြိမ်းချမ်းမှုလေးသည်
ပြိုပျက်သွားနိုင်မလား.....။"Sorry...ကိုယ်လူမှားသွားတယ်ထင်တယ်...."
ဝမ်းနည်းလွန်းစွာဖြင့်ဝမ်းသာလွန်းလို့
အတန်ကြာအောင်စိုက်ကြည့်မိတော့
ခေါင်းလေးငုံ့ကာနူတ်ဆက်ရင်း
သူသွားရမည့်လမ်းအားဆက်လျှောက်
သွားသောသူ.....။
ESTÁS LEYENDO
Butterfly...Jeon🦋 (Completed)
RomanceJeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋