🦋30🦋

19.2K 1.9K 348
                                    

နေရာအနှံ့မှာ အော်ဟစ် ရန်ဖြစ်ခဲ့ကြရသည်......
တခါတလေ ဆေးရုံရှေ့တည့်တည့်မှာ...

တခါတလေ သူတက်နေကျ Barတွေ Clubတွေမှာ....

တခါတလေတော့ ခေါင်မိုးထပ်အိမ်ကလေးမှာ....

ညလမ်းမီးတိုင်တွေအောက်မှာလည်း
ကားရပ်ကာ တယောက်တပြန်ရိုက်ပုတ်ခဲ့ကြသေးသည်...

January 14ရက်နေ့တွင်တော့..JungKookမရှိတော့ပါ..။
ကိစ္စတခုရှိလို့ မြန်မြန်ပြန်လာခဲ့မယ် Msg
တကြောင်းသာပို့ပြီးဆက်သွယ်၍မရခဲ့တော့...။

LeeHannaသည်အိမ်ကမပြန်တော့ဘဲ
မင်္ဂလာပွဲကိုအပြင်းအထန်စီစဉ်နေသည်..။
မာမီသည် သူ့ဘက်က တခုခုငြင်းဆို
လိုက်သည်နှင့် ပြိုလဲကျသွားတော့မည့်
အားနည်းမှုများနှင့် အိပ်ယာထဲ တရှောင်ရှောင်....။

ဘာကိုယ်ဝန်လဲ...ဘယ်ကကိုယ်ဝန်လဲဟု
အော်ဟစ်မေးတော့ LeeHannaက
JungKookတွေ့သွားနေတဲ့နေ့ကမှားယွင်းမှု
ဖြစ်ကြောင်း ဗြောင်လိမ်သေးသည်.....။

ဘေးကျပ်နံကျပ်အခြေအနေတွင်JungHoseok
ဆီသွားမေးတော့ ကိစ္စတခုအရေးကြီး၍
ထွက်သွားကြောင်းဘယ်ကိုလဲတော့ပြောမသွား
ကြောင်း စိတ်ဓာတ်ကျဖွယ်ရာပြောသည်။

မင်္ဂလာဆောင်သည်သဘက်ခါ.....။

ဖိတ်စာတွေ ခန်းမတွေ ပြင်ဆင်မှုတွေအားလုံး
ပီးလုနီးပါး.....။
သူအကြိမ်ကြိမ်ငြင်းဆန်ခဲ့ပေမယ့်
ကလေးဆိုသောအရာနှင့်ကိုင်ပေါက်လာသော်အခါ
အဖေနဲ့အမေတင်မက တမျိုးလုံးက
အသဲအသန် တွန်းတိုက်လုပ်တော့သည်....။

ကိုယ်ဝန်မရှိနေဘူးဟု သူရှင်းပြနေလည်း
ဖခင်စိတ်မဲ့သော တာဝန်မဲ့သောယောကျ်ားလို
ဝိုင်းကြည့်ကာ သေချင်ရင်တောင်သေလို့ရနေပါပီ။

ထွက်ပြေးဖို့..စဉ်းစားမိသော်အခါ....
အိပ်ယာထဲကမာမီနဲ့....စိတ်သာမီးကုန်ယမ်းကုန်
ဆိုးနေတာ မာန်တင်းပြီးအကောင်းဆုံး
စီစဉ်ပေးနေသော ဒယ်ဒီရဲ့ တစ်ယောက်ထဲသော
သားအပေါ်ခွင့်လွှတ်ပေးမှုတွေသည်
ဆံပင်တွေကျွတ်ထွက်မတတ်ခေါင်းတွေကို
ကုတ်မိသည်အထိ.....။

January 15ရက်ရောက်တဲ့အခါသူJungKook
ကိုစိတ်လှုပ်ရှားစွာဆက်သွယ်နေတုန်း..။
ဘာလုပ်ရမလဲ ဆိုတာ.....။
JungKook နှင့်အဆက်အသွယ်တခုခုတော့
သူရချင်နေခဲ့သည်...။
မနက်ဖြန်ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိ။

Butterfly...Jeon🦋 (Completed)Where stories live. Discover now