🦋26🦋

17.1K 1.8K 270
                                    

အချစ်ဆိုတာ....ဘယ်လိုပုံစံလဲလို့
ဆေးစာအုပ်ထူထူတွေလောက်အဖက်မလုပ်
ဂရုမစိုက်ခဲ့ဘဲ....

အချစ်ဆိုတာနဲ့ မထင်မှတ်ဘဲထိခတ်ပျော်မွေ့
မိတဲ့အခါ ရုန်းထွက်ဖို့ကို ဘယ်ကစပီး
ပြင်ဆင်ရမှန်းသူမသိ....

ဆေးရုံကိုနေ့တိုင်းလာသည်....
လူ့အသက်တွေကိုနေ့တိုင်းကယ်သည်...
လူနာတွေကို အလှဆုံးပြုံးပြကာအစစ်မှန်ဆုံး
စေတနာတွေနဲ့ ကုသကယ်တင်နိုင်နေပေမယ့်
ဆရာဝန်လေးသည် ကိုယ့်ကိုကိုယ်တော့
မကယ်တင်နိုင်ခဲ့ပါ....။

ငြင်းဆိုနေသောကြားထဲကစိတ်ရှိတိုင်း
ရှေ့တိုးနေကြသော မင်္ဂလာပွဲတခုနှင့်
ပျက်ဆီးနေသော လူငယ်တစုနှင့်ပေါင်းမိကာ
လူဆိုးလုံးလုံးဖြစ်နေသည့် ကလေးပေါက်လေး
၏သတင်းတွေကြားထဲအခါ
ရင်တွေလည်းနာသည်....။

မပြတ်နိုင်ပါဘူးလို့ အရှုံးပေးဝန်ခံခဲ့တာတောင်
JeonJungkook က ခွင့်မလွှတ်...
ခွင့်မလွှတ်ရအောင် သူကဘာမှားလို့လဲ
ဆိုတော့လည်း ဘာမှမမှားခဲ့....။
ဒါသည်ပို၍ပို၍ပင် ဒေါသကိုထွက်စေပါသည်....။

လူနာမှတ်တမ်းတခုအားဖတ်ကြည့်နေရင်းမှ
ရပ်လိုက်ကာ Coffee ခွက်နှင့်အဖော်ပြုနေရသည်။

"စီနီယာ.....ဝင်လာလို့ရမလား..."

"ဝင်ခဲ့..."

ယူရီသည်ခြေသံဖွဖွလေးနင်းကာ
သူ့ဆီသို့လျှောက်လာသည်။
သူစိတ်မကြည်နေတာရက်တွေတော်တော်ကြာပီမို့
ယူရီက အလိုက်ကန်းဆိုးသိစွာ
ပြုမူတတ်သည်။

"စီနီယာ...ယူရီလေ ဟို မနေ့က
သူငယ်ချင်းမွေးနေ့ Clubခဏသွားတာ
Jungkook...လေ Jungkook နဲ့တွေ့ခဲ့တယ်...."

အဲ့တာမျိုးတွေပေါ့....။ဒီကောင်လေးဟာ
တနေ့တခြား ခြေလှမ်းတွေသွက်လွန်းကာ
မီးကုန်ယမ်းကုန်ဆိုးနေကြောင်း
သတင်းစကားများကမစုံစမ်းဘဲသိရသည်။
JeonJungMi က သူ့ကိုလျှို့ဝှက်ထားခဲ့ပေမယ့်
သူက ပွင့်လင်းစွာ သားဖြစ်သူ ဖြစ်ကြောင်း
ဆုံသမျှလူတိုင်းကိုပြောတတ်သည်။
ပြီးရင် ပေါက်ကရအလုပ်တွေပဲလုပ်ကာ
JeonJungMi ၏imageကို
နည်းမျိုးစုံဖြင့်ချသည်...။
JeonJungMi သည်လည်းနေ့တိုင်းလိုလို
များစွာအခက်တွေ့နေလျက်....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now