🦋15🦋

17K 1.8K 189
                                    

အိမ်ကြီး၏ အပြင်ဘက်ခြံထောင့်လေးတွင်
အရင်တုန်းက JungKookဖေဖေ
အပေါင်းအသင်းတွေနဲ့စကားဝိုင်းပြောခဲ့သော
နေရာ တခါတလေ JungKookနဲ့အတူ
Coffeeအတူတူ သောက်ပေးတတ်သော
အမိုးအကာလေးနှင့် နေရာလေးတခုရှိသည်။
စားပွဲဝိုင်းလေးတခုရှိပြီးအရိပ်လည်းကောင်းကောင်း
ရတတ်သောနေရာဖြစ်သည်။

"Kookie...Hyungပြောတာကိုနားထောင်ပါအုန်း...."

စာအုပ်တအုပ်ပေါ်တွင်အဝါရောင်ပန်းခင်း
ကြီးအားသေသေချာချာဆွဲကာနူတ်ခမ်းလေး
တွေညွှတ်ကိုင်းနေသောလိပ်ပြာငယ်သည်
သူပြောသမျှခေါင်းထဲတလုံးမှဝင်ပုံမပေါ်။
အိမ်ပြန်ရောက်တော့ မမကြီး၏ဆူပူမာန်မဲ
မှုအား အပြင်းအထန်ခံစားခဲ့ရသော်လည်း
မဆိုင်သလိုပင် အေးဆေးစွာရင်ဆိုင်ခဲ့သည်။
အခန်းပြတင်းပေါက်တွင်တစုံတခုကိုမျှော်လင့်
နေသလို ခပ်ကြာကြာမတ်တပ်ရပ်နေတတ်သည်။
သူသိပါသည်...။
Kookie ဘယ်သူ့ကိုလွမ်းမောတမ်းတနေမလဲဆိုတာ။
ဒီနေ့သည် ParkJimin ဆိုလ်းကို
ပြန်ရောက်လာပြီး နောက် Hannaအစီအစဉ်
ဖြင့် Park မိသားစုတခုလုံးညစာလာစားမည့်နေ့...။
Kookie ဒါကိုသိနေတာကြောင့် ညနေစောင်း
ထဲက ခြံထဲဆင်းကာ ပန်းချီဆွဲနေသည်။

"ရွာက ကိစ္စတွေကိုရွာမှာထားခဲ့လိုက်ပါ...
ခုဆိုးလ်ကိုပြန်ရောက်ပီဆိုတော့
Kookie က Jimin ကိုရွာမှာလို
ဆက်ဆံလို့မရတော့ဘူး.....
ပီးတော့ ရွာမှာ ဖြစ်ခဲ့တာတွေအားလုံးကို
လည်းဘယ်သူ့ကိုမှမပြောရဘူးလို့ကတိပေးပါ...
ခုည Jimin အိမ်ကို လာရင်
မသိသလိုနေပေးနော်....."

ပန်းခင်းဝါဝါကိုဆွဲပီးတဲ့နောက်ကောင်းကင်
ပြာပြာအတွက်အရောင်ကိုသူစဉ်းစားနေသည်။

"Jimin က Kookie နေမကောင်းလို့
စိတ်ချမ်းသာအောင်အလိုလိုက်ခဲ့ရုံပဲ...
သူHannaကိုပဲလက်ထပ်မှာ
ခုလည်းကြည့်လေ ဆိုးလ်ကိုပြန်ရောက်တော့
သူဆက်သွယ်တာHannaက်ုပဲမလား..."

"JungKook မှာဖုန်းမှမရှိတာ....."

"ရှိလည်း ဆက်သွယ်မှာမဟုတ်ဘူး
Hyungစကားကိုနားထောင်ပါကွာ
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မေ့လိုက်နော်..."

Butterfly...Jeon🦋 (Completed)Where stories live. Discover now