🦋28🦋

20.5K 1.8K 682
                                    

"Jk.....မင်းဒါကြီးက လွန်တယ်ကွ..."
PhoneထဲမှVideoတခုအားအထပ်ထပ်ကြည့်
ရင်းပြောနေသော Hoseok သည်
တခါကြည့်လျှင်တခါမှတ်ချက်အမျိုးမျိုးပေးလျှက်။

ထင်တဲ့အတိုင်းပဲ ပေါ်တင်ကြီးသုံးပွင့်ဆိုင်
သွားသောကိစ္စသည် JeonJungMiသား
ဖြစ်သူ JeonJungkook နှင့် လင်ပါသမီးဖြစ်သူ
တို့၏မျက်နှာတွေအားရှင်းရှင်းလင်းလင်း
မြင်ရတာကြောင့် ဝေဖန်ကြ၍မဆုံးနိုင်....။

မိုးရေထဲကဓာတ်ပုံတွေ Clubကပုံတွေ
နှင့်ပြန်ဆက်စပ်စဉ်းစားမိကြပီး
ဘာဆိုတာရှင်းရှင်းလင်းလင်းသိသွားကြတဲ့အခါ
LeeHanna သည် သနားစရာမိန်းကလေး
ဘဝချက်ချင်းကူးပြောင်းသွားသည်။

LeeHanna သည် ကွယ်ရာမှာ မောင်ဖြစ်သူနဲ့
ချစ်သူတို့ဟာ တိတ်တဆိတ်တွဲနေခြင်းကို
မထင်မှတ်ဘဲတွေ့လိုက်ရသောအခါ
ရှော့ကြီးကြီးရလျှက်ပြိုလဲသွားသော
ဇာတ်ရုပ်နှင့်ကောင်မလေးအဖြစ်
တော်တော်လေးပီပြင်လှပါသည်။

ရက်အတိအကျနဲ့မင်္ဂလာပွဲနေ့ကို
ထုတ်ပြောခဲ့သူ၏ကျဆုံးခန်းသည်
တချို့ကမနာလို၍ကြိတ်ဝမ်းသာနေကြသော်လည်း
အများစုကစိတ်မကောင်းဖြစ်ကာ
Jimin နှင့်Jungkook အပေါ်သာအပြစ်ဖွဲ့ချင်
နေကြသောဝေဖန်မှုများဖြစ်ခဲ့ပါသည်...။

Jungkook အနေနဲ့ကအေးဆေးသွားလာ
လှုပ်ရှားနေနိုင်ခဲ့ပေမယ့်ဆရာဝန်လေးကတော့
ပျောက်နေတာရက်တချို့ကြာခဲ့ပြီ။

JeonJungMi သည်မဆုံးနိုင်သော
သတင်းထောက်များ ကိုရှောင်ရင်း
လုပ်ဖော်ကိုင်ဖက်
များ၏ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး
အတင်းစကားတချို့ကိုလည်းပြန်ကြားရကာ
သေလောက်အောင်ဒေါသဖြစ်ခဲ့ရသည်။
သားဖြစ်သူ၏ လုပ်ရပ်တွေကြောင့်
အမဲစက်တွေသည် တခုပီးတခု...။

Hanna အားရိုက်လိုက်သောပုံရိပ်သည်
သားသမီးကို ဘယ်လိုဆုံးမထားသလဲဟု
မေးခွန်းပေါင်းများစွာထုတ်ခြင်းကိုခံရကာ
ခေါင်းမဖော်နိုင်ခဲ့။

မိန်းကလေးတယောက်ကိုရိုက်ခြင်းသည်
လင်မယားဖြစ်နေရင်တောင်
အပြစ်ကြီးလှသည်မလား..။

Butterfly...Jeon🦋 (Completed)Where stories live. Discover now