🦋7🦋

14.7K 1.8K 265
                                    

နေ့ကောင်းနေ့မြတ်တခုတွင်ခန်းမကျယ်ကြီး
တခု၌နှစ်ဖက်မိဘအစုံအလင်နှင့်စေ့စပ်ပွဲ
တခုအား ခန်းခန်းနားနားကျင်းပခဲ့ပါသည်
အသိုင်းအဝိုင်းကြီးမှ ဆင်းသက်လာသူများ
မို့ စေ့စပ်ပွဲတွင်တောင် ပုံမှန်မင်္ဂလာလက်ထပ်
ပွဲတွေထက် အဆပေါင်းများစွာ ကြီးကျယ်ခဲ့သည်။

ဆေးရုံအုပ်အသိုင်းအဝိုင်း
နိုင်ငံရေးအသိုင်းအဝိုင်း
LeeHanna၏စီးပွါးရေးနယ်ပယ်က
လူကြီးလူကောင်းအပေါင်းအသင်းများစွာ
ဖြင့်ချေချေမိုးမိုးကျင်းပခဲ့သော နိုင်ငံကျော်
Romatic ပွဲတခုဖြစ်ခဲ့သည်....။

LeeHannaရဲ့ အကောင်းဆုံးယောကျ်ား
တစ်ယောက်၏လက်မောင်းကိုချိတ်လျက်
ပိုင်ဆိုင်ကြောင်းပြနေသော မျက်လုံးများသည်
ပွဲတစ်လျှောက်လုံးတောက်ပနေကာ
အလှဆုံးအတော်ဆုံးမိန်းမတစ်ယောက်အား
ပိုင်ဆိုင်ခွင့်ရတော့မည့် Dr ParkJimin
သည်လည်း ကြွကြွရွရွပင်....။

စေ့စပ်ပွဲပီးသည်နှင့် သူငယ်ချင်းတွေနဲ့
Hannaအိမ်တွင်တညလုံးပါတီပေးရန်
စီစဉ်ခဲ့ကြကာ ကားကိုယ်စီဖြင့်ခြံထဲသို့
ဝင်လာခဲ့ကြသည်။

အဖြူရောင်ဂါဝန်သည်ကိုယ်လုံးသွယ်သွယ်
ဖြင့်တိုင်းချူပ်ထားကာ ရွှေဝါရောင်
ဆံပင်ခွေခွေလေးများသည် ဝဲခါနေလျက်..
Hannaသည် မိတ်ကပ်ပြေပြေလေးဖြင့်
သိပ်လှခဲ့ပါသည်...။

ခါးသွယ်သွယ်လေးအားသိုင်းဖက်ထား
ရင်း အိမ်ထဲသို့ဝင်လာခဲ့သည်။
ဆရာဝန်သူငယ်ချင်းတွေ Hanna
သူငယ်ချင်းတွေနှင့် လုံးဝစည်စည်ကားကားရယ်...။

ကြိုတင်ပြင်ဆင်ထားသောဝိုင်တွေ
အရက်တွေစားစရာအစုံအလင်ဖြင့်
လိုလေသေးမရှိခဲ့...။

"Hannaတို့များ လျှိုထားတာ
ချပြလိုက်တော့ ဝိုး ခနဲ ပါပဲ
မိန်းမ တော်လိုက်တာ...."

သူငယ်ချင်းမတွေက ခပ်လှမ်းလှမ်းတွင်
ဝိုင်ရွေးနေသော Jimin အားကြည့်ရင်း
အားကျသောမျက်လုံးတွေနှင့်ဝိုင်းကောင်းချီး
ပေးသည်...။ကျေနပ်လွန်းသည့်စိတ်အခြေအနေ
သည် မျက်နှာလေးအားမော့ကာ
ပြုံးနေလိုက်သည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now