🦋1🦋

27.9K 2.3K 108
                                    

"အိမ်ကိုအရေးကြီးဧည့်သည်တွေလာမယ်
သူ့ကိုအိပ်ဆေးတိုက်အိပ်ခိုင်းထားလိုက်
ငါဘာမှမလွဲချော်ချင်ဘူး....."

"ဟိုလေ....Kookieကနေကောင်းနေပုံပါပဲ
ဒီတိုင်းချော့အိပ်ခိုင်းရင်ရလောက်နေပီ
ထင်တယ် မမကြီး....."

JeonJungMi.....။
လက်ရှိတောင်ကိုရီးယား၏နိုင်ငံရေး
လောကတွင်အအောင်မြင်ဆုံး
အမတ်တစ်ယောက်.....။
ဩဇာတရားပြည့်စုံကာအလွန်တော်တတ်
လွန်းသူဟုတစ်နိုင်ငံလုံးကထောက််ခံအား
ပေးကြသည်။
ဘွဲ့ထူးဂုဏ်ထူးပေါင်းမြောက်မြားစွာဖြင့်
တောက်တောက်ပပအမျိုးသမီး
တစ်ယောက်အဖြစ်ရပ်တည်နေသူ...။

"ငါ့ကိုပြန်စီမံနေတာလား SeokJin
ငါ့သား ငါလုပ်ချင်တာလုပ်မယ်
နင်ငါခိုင်းရင်အထွန့်မတက်နဲ့..."

သို့သော်..တွေတော့ရှိတာပေါ့....။
Cameraရှေ့ လူထုရှေ့ အရပ်ရပ်တွေ
အဖက်ဖက်ကပြီးပြည့်စုံနေသော
မိန်းမတစ်ယောက်ဘဝတွင်
ဒါပေမယ့်လေးတစ်ခုတော့ရှိခဲ့ပါသည်....။
ထိုဒါပေမယ့်လေးသည်...
လိပ်ပြာလေးတစ်ကောင်သာဖြစ်သည်....။

"တောင်းပန်ပါတယ် မမကြီး...."

"Hanna...ရဲ့အိမ်ထောင်ဖက်လာမှာ
တော်ရုံတန်ရုံအဆင့်အတန်းမျိုးတွေ
မဟုတ်ဘူး...."

"Hannaကို အိမ်ထောင်ချပေးတော့မလို့လား..."

"အေး....သင့်တော်တာထက်
နောက်ထပ်တစ်ယောက်ထပ်မရှိနိုင်တဲ့
အသိုင်းအဝိုင်းကြီးထဲက သူတွေမလို့
အချိန်မဆွဲချင်တော့ဘူး..."

"နိုင်ငံရေးလောကထဲကပဲလားမမကြီး.."

"ဆရာဝန် နှလုံးအထူးကုဆရာဝန်
နောက်ထပ်ဘွဲ့ထူးဂုဏ်ထူးတွေတသီကြီး
ထပ်ယူအုန်းမယ့် သူ...
Hannaနဲ့သိပ်လိုက်ဖက်မှာ..."

မမကြီး၏မျက်နှာပေါ်တွင်ပျော်ရွှင်မှု
အရိပ်အငွေ့တွေယှက်သန်းနေလျက်။
နူတ်ခမ်းနီရဲရဲသည်သူမ၏အမှတ်အသားတစ်ခု
လို ကိုယ်တိုင်လည်းရဲတင်းလှပါသည်။
လင်ပါသမီး အိမ်ထောင်ဘက်ကိစ္စအတွက်
သားအရင်းအားအိပ်ဆေးတိုက်
အိပ်ပျော်စေခဲ့သော အမှုကိစ္စသည်
ထမင်းစားရေသောက် အသေးငယ်ဆုံး
ရက်စက်မှုလေးလိုပင်...ပေါ့ပေါ့ပါးပါးရယ်။
ဒါလည်း ဘာတွေကိုဘယ်လိုပူးပေါင်းပြီး
ဘယ်အကျိုးအမြတ်ကိုမြင်၍လည်းမှမသိနိုင်တာ။

Butterfly...Jeon🦋 (Completed)Where stories live. Discover now