🦋12🦋

16.8K 2K 255
                                    

ပထမဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု
ရက်တွင် ပညာပေးဟောပြောပွဲ
အသိပညာများဝေမျှရင်း ကုသမှု
စစ်ဆေးမှုများတနေကုန်လုပ်ကာ ညနေစောင်း
တွင် ဆရာဝန်လေးတွေအိမ်သို့ပြန်လာခဲ့ကြသည်။
တော်တော်လေးလည်းပင်ပန်းနေကာ
တစ်ခါမှလမ်းပင်အတူတူမလျှောက်ဖူး
သောMinYoongiအားတွဲလျှက်ပြန်ခဲ့ရသည်။
ဂျူနီယာဆရာဝန်မလေးသုံးယောက်လည်း
ပါလာကာ တဖက်အိမ်မှာတည်းကြသော်
လည်းအဖွားအားနူတ်ဆက်ရန်လိုက်လာကြသည်။
Duty Coatပင်မချွတ်နိုင် ယိုင်တိုင်တိုင်ဖြင့်
ပင်တအုပ်စုလုံးအိမ်ဝန်းထဲသို့ဝင်လာတော့
ကွက်ပြစ်ပေါ်တွင်လူစုံတက်စုံထိုင်နေကြသည်။

ငိုချတော့မလိုမျက်နှာနှင့်JungKookရယ်
မျက်နှာမကောင်းသော JinHyungရယ်ကြောင့်
အပြစ်လုပ်ထားသူပီပီ ရင်ထဲဒိန်းခနဲ...။
အဖွားကတော့ သူတို့ဝင်လာသည်နှင့်
နူတ်ဆက်ကာ ပုံမှန်ပင်...။
JinHyungသည် သူရောက်လာခြင်းအပေါ်တွင်
ကောင်းသည်ဆိုးသည်တော့မပြောခဲ့ပေမယ့်
စောင့်ကြည့်နေသည်ဟုခံစားနေရသည်။
အဖွားကိုလည်းပြောပီးလောက်ပီးနေပေမယ့်
အဖွားကတော့ သူ့ကို ဆရာဝန် တစ်ယောက်
အဖြစ်လေးလေးစားစားဆက်ဆံမြဲ...။
Hanna နဲ့ လက်ထပ်မယ့် လူတစ်ယောက်လို
လည်း မကြည့်ခဲ့သလို...
JungKook..လိုချင်နေသော လူတစ်ယောက်
လိုလည်းမကြည့်ခဲ့
Dr ParkJimin...အဖြစ်သာ ကြည့်ခဲ့ပါသည်။

"ပြန်လာကြပီလား..ဆရာတို့...
အဆင်ပြေခဲ့ကြရဲ့လား....."

"ပြေပါတယ် ခင်ဗျ...."

MinYoongiကဦးဆောင်ကာအဖွားမေးသမျှ
ဖြေနေရင်း သူကမသိမသာ
ယုန်မျက်နှာငယ် လေးအား ခိုးကြည့်တော့
သူ့ကိုပင်ပြန်မကြည့်ပါ...။
တစုံတခုကို သူပြင်းပြင်းထန်ထန်အလိုမကျ
နေသည့်ပုံ။သူတို့တစ်အုပ်စုလုံးဝင်လာတာ
ကိုတောင်တချက်မှစိတ်မဝင်စားဘဲ
JinHyungနှင့်မျက်လုံးချင်းစစ်တိုက်နေသည်။

ဘာဖြစ်တာလဲ...ဘာညာ..ပူပန်တကြီး
ပြေးမေးလို့လည်းမဖြစ်နိုင်ပါ...။
မသိချင်ယောင်သာဆောင်ရင်း
အဖွားအားတရိုတသေနူတ်ဆက်ကာ
အခန်းသို့ပြန်လာခဲ့သည်။MinYoongi
ကတော့ ထိုကောင်လေးနားပြေးကာ
မေးနေသည်။
သူ့လူနာပဲ....မေးရမှာပေါ့....။
ငါနဲ့က အဝေးကြီး......။

Butterfly...Jeon🦋 (Completed)Where stories live. Discover now