Sundayဆေးခန်းပိတ်ရက်လေးဖြစ်သည်။
ပြည့်ပြည့်စုံစုံပြင်ဆင်ပြီးပြီဖြစ်တဲ့မနက်စာကို
အတူတူစားဖို့ရန်သူစောင့်နေပေမယ့်လိပ်ပြာငယ်
သည်အိမ်၏ဝရံတာဆီကိုထွက်ကာခပ်တိုးတိုးဖုန်း
ပြောနေသည်။သူ့ရှေ့မှာမပြောဘဲခဏတဖြုတ်လည်းမဟုတ်
ကြာနေပြီဖြစ်၍ဆရာဝန်ကြီးကသိပ်အဆင်မပြေလာ။
စားပွဲတွင်လက်ပိုက်ခြေထောက်ချိတ်စောင့်နေရင်းက
ခြေသံလုံလုံလေးချောင်းနားထောင်ဖို့တစ်လှမ်းချင်း
လျှောက်သွားတော့သည်။"အဖွားဆီကို ကျွန်တော်မလာချင်တာမဟုတ်ဘူး
လာချင်တာပေါ့ ဒါပေမယ့် ကိုရီးယားကိုဟိုတစ်ခေါက်
Jimin ပြန်တုန်းကကျွန်တော်အရမ်းတွေအဖျက်တွေ
လုပ်ခဲ့တာJimin အရမ်းစိတ်ဆင်းရဲခဲ့ရတယ်""ပြန်လာတာမှန်တယ် အဆင်ပြေခဲ့ကြတာ
မဟုတ်ဘူး ကျွန်တော်ပဲဆိုးလို့သူ့အိမ်တောင်
ကြာကြာမနေခဲ့ရဘူး အဖွားရ....""ကိုယ့်အလှည့်ကျမှ ခုပြန်မယ်ဆိုပြီးပြောရမှာ
ကျွန်တော်အားနာတယ် မပြောရဲဘူး
သူ့မိဘဆီပြန်တာကိုအဆင်ပြေပြေကျွန်တော်
နေမပေးနိုင်ခဲ့လို့....""တိုးတိုးပြောတာဘာဖြစ်လို့လဲ....
Jimin ကြားမှာစိုးလို့ပေါ့""ကျွန်တော်စီစဉ်ကြည့်ကြည့်ပါ့မယ်ဗျာ..."
တိုးစိတိုးစိနှင့်ဖုန်းပြောနေဟန်ကအခက်တွေ့
နေပုံ။အဖြူရောင်TShirt အကြီးကြီးဖြင့်
ဟိုဘက်ဒီဘက်လျှောက်ကာအဖွားဖြစ်သူနှင့်
ရန်ဖြစ်နေသည်။ခေါင်းလေးတွေကုတ်လိုက် နှုတ်ခမ်းလေးတွေ
ကိုက်လိုက် နှာခေါင်းဖျားလေးကိုကုတ်လိုက်
နှင့်ဖုန်းပြောရင်းအခက်တွေ့နေပုံကိုချောင်းကြည့်
ရင်းဆရာဝန်ကြီးကခိုးပြုံးနေသည်။အတောင်ပံခတ်ဟန်တွေကို
ကျွန်တော်ဘယ်တော့မှရိုးအီမှာလဲ။
ဘာလေးအသစ်အဆန်းပေါ်လာပေါ်လာ
တယုတယချစ်၍အသဲယား၍မဆုံးနိုင်ခဲ့ဘူး။"ကျွန်တော်ပြန်ခေါ်လိုက်မယ် ဒီနေ့သူဆေးခန်းပိတ်
လို့ အားလပ်ရက်မလို့ မနက်စာစားပြီးပြန်ခေါ်လိုက်
မယ်နော်...."
YOU ARE READING
Butterfly...Jeon🦋 (Completed)
RomanceJeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋