🦋27🦋

17.3K 1.9K 331
                                    

တလတခါတော့ဆေးရုံလာကာသူCheck
ပြန်လုပ်ရသည်....။
ဒီတခေါက်ပြောင်းလဲသွားတာကJinHyungနဲ့
တော့မဟုတ်....။သူ့ကိုတကယ်ကြိုက်လို့ပါဟု
တဖွဖွပြောကာ အနားတွင်အမြဲကပ်နေတတ်သော
Kitty ခေါ်Babeနှင့်.....။
ရည်းစားဟုသူသတ်မှတ်ချင်သောအချိန်တွင်
သတ်မှတ်ကာ မသတ်မှတ်ချင်သောအချ်န်တွင်
လည်းKiityသည်စကားပင်ဟဟမပြောရဲ.....။
ကလေးသာသာအရွယ်ကလေးမို့
ပထမဆုံးစရင်ခုန်ခဲ့ရသော အကိုကြီးအား
Kittyသည်တော်တော်လေးကိုကြိုက်လှပါသည်....။
Jungkookသည်လည်းလည်ဝယ်မာယာများသော
တခြားမိန်းက​လေးတွေထက်စာလျှင် ကလေးစိတ်နှင့်
တလွဲတချော်တွေပဲရွေးလုပ်တတ်သူမို့
သူသိပ်အာရုံမနောက်လှ...။
အပျင်းပြေပါသည်....။ဒီလောက်ပါပဲ....။

တခါတရံ ရူးရူးမူးမူးလွမ်းရင်း နာကျင်လာတဲ့အခါ
အရက်ပြင်းတွေမော့မချဘဲ ထိုကလေးမ၏
ဘယ်လိုကြွေကြောင်း ဘယ်လောက်ကြိုက်ကြောင်း
Oppa...ဋီကာကိုနားထောင်ရင်း
ကံကောင်းရင်တော့ DutyCoatအဖြူရောင်ကို
နာရီပိုင်းလောက်မေ့မေ့သွားတတ်သည်...။

"ရွဲ့ချင် ငေါ့ချင်ရင်လည်းကွာ မင်းနဲ့မတိမ်းမယိမ်း
လှလှပပလေးရွေးတွဲပါလားမင်းအနေအထား
နဲ့ကြိုက်ရာလက်ဖျောက်တချက်တီးရုံပဲကို
ခုဟာက ParkJimin မပြောနဲ့
ငါတောင်သဝန်မတိုဘူး...ကလေးအဖေကြီးကျ..."

Seokသည်...ပျစ်ပျစ်နှစ်နှစ်ဝေဖန်လေတိုင်း
သူကတော့မသိသလို မကြားသလို...။
ဒီလိုပဲစိတ်ပြေလက်ပျောက်ရည်းစားထားတာ
၁၈နှစ်စွန်းစွန်းကလေးမလေးဖြစ်တော့ရော
ဘာဖြစ်လဲ....အရွယ်ရောက်နေပီပဲဟာ....။

တအားလှပီးအရမ်းဆွဲဆောင်မှုရှိနေလျှင်
တဖက်ကလည်းသဝန်တိုရတာပို
ပင်ပန်းနေအုန်းမှာဆိုတော့..အတော်အသင့်
လောက်ရွေးချယ်ခဲ့တဲ့အပေါ်ဝေဖန်မယ်ဆို
တာကြီး.....။

"Oppa....လက်ခဏချိတ်လို့ရတယ်မလား
ဖိနပ်ကစီးလာတာအရမ်းမြင့်နေလို့လေ
ချော်လဲတော့မလိုပဲ....."

သူကြည့်လိုက်သော်အခါလူနှင့်မှမလိုက်
တော်တော်မြင့်မြင့်ဒေါက်ဖိနပ်ကို
ယိုင်တိယိုင်တိုင်စီးလာသောကလေးမလေးသည်
တကယ်လမ်းလျှောက်ရတာအဆင်မပြေနေပါ။

Butterfly...Jeon🦋 (Completed)Where stories live. Discover now