🦋Ending🌼(Part2)

30.9K 2.5K 484
                                    


June 6.....

ဇွန်လ ခြောက်ရက်နေ့မှာ ကျတော်တို့လက်ထပ်ဖို့
ဆုံးဖြတ်ခဲ့ကြတယ်....။
လက်ထပ်ဖို့သာရှိတော့သောအချစ်ခရီးလမ်းကို
ဘာမှထပ်အချိန်မဆွဲချင်ခဲ့တော့...။

ဘုရားကျောင်းကြီးတခုမှာလက်ထပ်ခဲ့ပြီးတဲ့အခါ
လက်ထပ်ကတိစာချူပ်အဖြစ်တယောက်ကိုယ်
တယောက်ဝတ်ပေးခဲ့ကြသောလက်စွပ်ကလေးတွေ
အားကြည့်ရင်းပြုံးနေမှုတွေသည်လုံးဝမရပ်နိုင်ခဲ့ကြ။

ဘုရားကျောင်းထဲကလက်ချင်းဆုပ်ကိုင်လျှက်
ပျော်ရွှင်စွာပြေးထွက်လာခဲ့ရင်းအပြင်သို့ရောက်
သော်အခါ လိပ်ပြာငယ်သည် သွေးကြောစိမ်း
တွေယှက်သန်းနေသောလက်မောင်းတွေဖြင့်ပန်းပွင့်လေးကိုပင့်ချီကာ အကြာကြီးပြုံးပြခဲ့သည်...။

ထိုအပြုံးသည်...ငိုကြွေးစရာတွေ...
ဝမ်းနည်းစရာတွေ...ခက်ခဲသောရွေးချယ်မှုတွေ
နာကျင်စရာအဖြစ်အပျက်တွေ
အားလုံးအတွက် ဖြေရှင်းပေးလိုက်သော
အဖြေတခုဖြစ်ခဲ့သည်။

Depression ကို ကုသရန်...ခေါင်းခဲခဲ့ရတာ...
ဆေးက လိပ်ပြာကလေး၏
အပြုံးလှလှလေးတခု မှန်းသာသိခဲ့ရင်လေ..
အချိန်တွေအကြာကြီးခွေခေါက်နေခဲ့မှာမဟုတ်...။

သူ သည်ပြုံးပြနေသောကောင်လေးအားနမ်းရန်
ရှေ့သို့တိုးလာပေမယ့် အဆိုးအပေလေးက
နောက်သို့ဆုတ်သွားသည်....။
Necktie အားဆွဲကာမျက်နှာချင်းနီးကပ်စေလိုက်
ပြီးနှဖူးလေးကို အနမ်းဖွဖွ ထိကပ်လိုက်တော့
အသံလေးတွေထွက်အောင်ရီမောခဲ့သည်...။

လက်ထပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ....
အထပ်ထပ်ချည်နှောင်မဲ့ကြိုးလှလှလေး
တွေကို အမြတ်တနိုးတန်ဖိုးထားရင်း
ယောကျ်ားလေးနှစ်ယောက်၏
အိမ်ထောင်သည်ဘဝကိုစတင်ဖြတ်သန်းခဲ့သည်...။

JinHyungက သူ့ရဲ့လိပ်ပြာလေးကို
ကိုယ့်လက်ထဲစိတ်ချခဲ့၍လားမသိ
ကိုရီးယားသို့မိသားစုနှင့်ပြန်နေရန်
ထွက်ခွါသွားခဲ့သည်......။

လန်ဒန်မြို့ကြီးတွင် တိတိကျကျ
သူတို့နှစ်ယောက်ထဲသာကျန်ခဲ့ပါသည်။
ကောင်းခြင်းဆိုးခြင်း ဝေဖန်မဲ့
ပတ်ဝန်းကျင်လည်းမရှိ.....။
စကားလုံးကြမ်းတွေနဲ့မတူဘူး မတန်ဘူး
အော်နေမဲ့ အသိုင်းအဝိုင်းတွေလည်းမရှိ....။
ဘဝအသစ်တခုကိုလုံးဝရောက်သွားခဲ့ကြသည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now