🍃21🍃

17K 1.8K 170
                                    

ခန့်မှန်းတွက်ချက်မှုများသည်ဘဝတစ်လျှောက်
လုံးတိကျမှန်ကန်ခဲ့တာကြီး...။
ရုပ်ဆိုးလွန်းစွာ ဒီတခုကျမှ တက်တက်စင်အောင်
လွဲခဲ့တာ...လုံးဝမမျှော်လင့်ထားခဲ့သောမျက်နှာ
ပြောင်တိုက်မှုများ...။
LeeHannaသည်အရေးကြီးအလုပ်ခရီးစဉ်ဟု
ဆိုကာ ပင်လယ်ကမ်းခြေတခုသို့တစ်ယောက်
ထဲထွက်လာရင်းဘာဆက်လုပ်ရမလဲဆိုတာကို
စဉ်းစားနေခဲ့သည်။
JeonJungKookကတဖက်သတ်ဆိုလျှင်
တော့ ဖြေရှင်းရမည့်နည်းသည်လွယ်လွယ်လေး....။
ခက်တာက ParkJimin  ကJeonJungKook
ထက်ပိုရူးနေတာ...။
စုံစမ်းသိရသလောက် ရင်နာစရာကောင်း
လောက်အောင် သူမချစ်သူက JeonJungKookအား
အလိုလိုက်အကြိုက်ဆောင်တုန်နေအောင်
ချစ်နေခဲ့တာတဲ့.....။
အော် လို့သာ ပြောနိုင်ခဲ့ပါသည်။

"Hanna...သမီးဘယ်မှာလဲ......?"

"မာမီသိနေခဲ့တယ်မလား...သိနေတယ်ခဲ့တယ်မလား
ဘာလဲ မာမီ့သားအရင်းမလို့ ရေငုံနူတ်ပိတ်
နေတာလား ပြောစမ်းပါ...
ဒါတွေအားလုံးကိုဒယ်ဒီကိုပြောပစ်လိုက်ရင်
ဘာဖြစ်သွားမယ်ထင်လဲ...."

"မာမီအားလုံးစီစဉ်ပြီးပြီ....
နောက် တပတ်အတွင်း JungKookကို
ထွက်သွားခိုင်းဖို့ အားလုံးလုပ်ပီးပီHanna
အရမ်းစိတ်မလှုပ်ရှားပါနဲ့....."

"စိတ်မလှုပ်ရှားဖို့ပြောရဲသေးတာလား
ရူးနေလည်း ရူးတဲ့အတိုင်းနေလေ
သူများချစ်သူကို လုယူဖို့ကျ
တော်တော်လေးစွမ်းတယ်နော်
သူထွက်သွားလိုက်ရုံနဲ့အားလုံးအဆင်ပြေမှာ
လို့အာမခံမလား...."

"အာမခံတယ် Hanna...မာမီ့ကိုယုံပါ..."

မယုံပါဘူး...၊အကျိုးလိုလို့ညောင်ရေသွန်းခဲ့တာကြီး။
ဒယ်ဒီသာမရှိတော့ကြည့် JeonJungMi က
သူမကို ချက်ချင်းတောင်လက်စဖျောက်ပစ်မှာ။
မြွေမြွေချင်းခြေမြင်လွန်းလို့...။

သူမအလုပ်တွေရှုပ်နေချိန်...
နိုင်ငံပေါင်းစုံShopping ထွက်နေချိန်
Clubမှာသူငယ်ချင်းတစုနဲ့အချိန်ကုန်နေချိန်
သူတို့ကဘယ်အဆင့်အထိရောက်နေခဲ့ပြီလဲ....
တွေးလေ တွေးလေ ပေါ်လာလေဖြစ်တာကြောင့်
တောက်ဘယ်နှချက်ခေါက်ပီးပီလဲ
မရေတွက်နိုင်တော့...။

ယောကျ်ားတစ်ယောက်က
LeeHanna ကို ဘယ်လိုမှမစွန့်ခွါသွားနိုင်ဘူးဆိုတဲ့
ယုံကြည်ချက်တွေသည် ရှက်စရာကောင်းလောက်
အောင် ထိုးနှက်နေသည်....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now